Ranking အဆင့်အတန်း

အမျိုးသားရေးခေါင်းထောင်လာတဲ့ အင်းအားကြီးနှစ်နိုင်ငံကြားထဲမှာ မြန်မာနိုင်ငံရေးကဘာလဲ လို့ အိန္ဒိယမှာ ကျန်ရစ်ခဲ့တဲ့ ပြည်ပမြန်မာ့ဒီမိုကရေစီရေးမှာ လက်တွဲလုပ်ခဲ့သူ တယောက်ရဲ့မေးခွန်း ဖတ်ရတယ်။

အိန္ဒိယမှာ ဟင်ဒူအစွန်းရောက်ပါတီ ဘီဂျေပီရဲ့ အမျိုးသားရေးသမား လက်ရှိဝန်ကြီးချုပ် မိုဒီက ပြန်ပြီးအနိုင်ရတယ်။

တရုတ်ကတော့ တရုပ်ကောင်းစားရေးသာလုပ်နေတာ ဆယ်စုနှစ်တွေ ကြာပါပြီ။ တရုပ်မှ တရုပ်။

ဒေါ်နယ်ထရမ့်က အမေရိကန်မှ အမေရိကန်လို့ အော်တာ လေးနှစ်သာရှိသေးတယ်။

မိုဒီက သူ့ကိုးကွယ်ရာဘာသာကို ဦးစားပေးတယ်။ ဟင်ဒူဦးရေက ၈၀% ရှိတယ်။ လူအများစုအလိုကျလုပ်တာ ဒီမိုကရေစီမှာ နော်မယ်လ်ပါ။

ဒေါ်နယ်ထရမ့်လည်း တနည်းပြောရရင် လူဆန်တယ်။ ကိုယ့်ဖို့သာကြည့်တယ်။

တရုပ်လည်း အတ္တကြီးတယ်။ ပုထုဇဉ်ပီသတယ်။

ကျွန်တော်တို့ကကော။ ရွေးကောက်ပွဲ မဲရရေးဆောင်ပုဒ်တွေကို မကြည့်ပါနဲ့။ မကောင်းတာ မပါ။ အားလုံး သည်းခြေကြိုက်။ ပါတီတိုင်းပါ။ တကယ်ဘာလုပ်ခဲ့သလဲသာ ဆန်းစစ်ပါ။

ဗခက နေဝင်း စစ်အားဏာသိမ်းပြီး ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့တာ နောက်ဆုံးရလဒ်က အယ်လ်ဒီစီ နဲ့ လူထုအုံကြွမှုကြီး။ ဒုတိယစစ်အာဏာသိမ်းမှုကနေ နောက်ဆုံးရတာ ၂၀၀၈ ဖွဲ့စည်းပုံ။ အယ်လ်ဒီစီမှာနေမြဲ။ ကျန်းမာရေးအဆင့် ၁၉၀။ အင်နယ်လ်ဒီ ကောက်ချက်ချစရာ အလွန့်အလွန် စောသေးတယ်။

ဒေါ်နယ်ထရမ့်ကို သဘောမကျတာတွေ အလွန်များတယ်။ ဒါပေမဲ့ သူက အမေရိကန် ဖတ်စ်လို့ပြောတာက လူမျိုး မဟုတ်။ ဘာသာရေး မဟုတ်။ အမေရိကန်အင်္ဂလိပ်စာ မဟုတ်။ သူ့တိုင်းပြည်။

တရုပ်ကလည်း သူ့တိုင်းပြည်ပဲ။ သူ့စီးပွါးပဲ။

ကျွန်တော်တို့ဆီမှာ တိုင်းပြည်ကို ဗမာလိုရော အင်္ဂလိပ်လိုပါ စာလုံးပေါင်းပြောင်းတဲ့ ခေါင်းဆောင်သာရှိတယ်။ အဟုတ်ထင်ပြီး ရိုသေကျိုးနွံ့စွာလိုက်နာကြရတယ်။ အဲတာ နိုင်ငံရေးလား။ အမျိုးသားရေးလား။

အမျိုးသားရေးကို မဲရရေးသာ လုပ်သူရှိတယ်။ အမျိုးသားစည်းလုံးညီညွတ်မှု ပိုပျက်စေခဲ့တယ်။ တိုင်းပြည်ကောင်းစားရေး လုပ်နိုင်တဲ့ခေါင်းဆောင် မပေါ်သေးပါ။

ကျွန်တော်တို့ နိုင်ငံရေးအဆင့် ၁၉၀ မှာသာရှိသေးတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး