ခြင်းလုံး

ဆရာက ဒီနေ့ရေးထားတာ ခြင်းခတ်ဖြစ်မလားမသိလို့ ရေးထားတာမို့ ဝမ်းသာသွားလို့ ဆရာ့ကိုမိတ်ဆက်တာပါရှင် ကျမက တချိန်တုန်းကခြင်းလုံးခတ်ကစားတဲ့ ခြင်းလုံး သန်းသန်းဌေးပါဆရာ ဆရာ့ဆေးပညာဗဟုသုတစာတွေဖတ်ရင်း ဆရာ့ကို လေးစားနေတဲ့သူမို့ ဆရာရဲ့ ၅၀၀၀ ပြည့်ဖရန့်ပါရှင် ကျေးဇူးတင်ပါတယ်ဆရာ သာယာချမ်းမြေ့ပါစေရှင်

ဆရာက ခြင်းခတ်တာ မတော်ဘူး။ ဒူးနဲ့ ခြေခွင်သာတတ်တယ်။ ကျွန်တော်ရေးတင်တိုင်းတော့ အထင်မကြီးပါနဲ့။ အကြွား၊ အစားနဲ့ စကားအရာတွေမှာနာမည်ကြီးတဲ့အရပ်စုံမှာ နေဖူးတယ်။ Smile!

ရောက်ခဲ့တဲ့ ဘုရားစောင်းတန်းဈေးဆိုင်တွေမှာ ခြင်းလုံးတွေတွေ့ပါတယ်။ တချို့ခြင်းလုံးတွေက အပိတ်နီးပါးဖြစ်နေတာ ဆန်းလို့ ကြည့်နေမိတယ်။ ကျွန်တော်တို့ငယ်ငယ်က အဲလိုမဟုတ်ပါ။ ဘာလို့လဲ မမေးခဲ့မိပါ။ ဓါတ်ပုံလည်း မရိုက်ခဲ့မိ။

အခုတော့ ခြင်းနဲ့ ချင်းသတ်ပုံစာရေးရတယ်။

ချင်း နဲ့ ခြင်း https://doctortintswe.blogspot.com/2016/12/blog-post_30.html

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၈
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး