Mother-to-child transmission of HIV မိခင်ကနေ ကလေးကိုကူးစက်ခြင်း

HIV ကူးဆက်ခံရတယ်ဆိုလို့ပါဆရာ

HIV ဆိုတာ မွေးရာပါမဟုတ်။ မွေးစဉ် မွေးပြီး ကူးနိုင်တယ်။ ကူးဆက် မဟုတ်။ ကူးစက်။ ဆက်ဆိုတာ ဆက်ခံတာ။ ဆက်ဆံတာ။

ဟုတ်ကဲ့ပါဆရာကျေးဇူး

HIV ပိုးရှိမိခင်ကနေ ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွါးနေစဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ မိခင်ကနေ ကလေးကို ကူးစက်နိုင်တယ်။ ကာကွယ်မှုမလုပ်ရင် ၁၅% ကနေ ၄၅% ကူးစက်နိုင်တယ်။ ကာကွယ်မှုလုပ်ရင် ၅% သာ ကူးစက်မယ်။ ကလေးကို ရက်တိုဆေးပေးနည်းဖြစ်တယ်။

Mother-to-Child Transmission of HIV မိခင်-ကလေး ကူးစက်ခြင်း https://doctortintswe.blogspot.com/2016/04/mother-to-child-transmission-of-hiv.html

HIV outbreak hits hundreds of children in Pakistan

ပါကစ္စတန်မှာ HIV ကပ်ရောဂါဖြစ်ရာ ကလေးများ အများဆုံး ကူးစက်ခံရ

ကနေ့ထွက် ဆေးသုတေသနသတင်းဖြစ်ပါတယ်။

ယောက်ျားလေးတွေ ပန်းအဖျားဖြတ်ပေးတာလုပ်ရင် HIV ကူးစက်မှာ နည်းစေတယ်လို့ WHO အပါအဝင် ဆေးသုတေသနတချို့က ပြောတာကို ကျွန်တော်က သုတေသနမလုပ်ဘဲ အဲလိုပြောတာကို မှန်တယ်လို့ မထင်ပါလို့ ရေးခဲ့ပါတယ်။ ကျွန်တော်ရေးထားခဲ့တာ ကြာပါပြီ။

https://www.bbc.com/news/world-asia-48348941

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး