Stroke လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ

မင်္ဂလာပါဆရာ ရောဂါဖြစ်သူက ကျွန်မရဲ့ညီမပါ အသက်က ၂၀ပါဆရာ ဓမ္မတာလာနေတဲ့အချိန်မှာ ထမင်းသုပ် သရက်သီး အမဲဉီးနှောက်စားပြီး ခန္ဓာကိုယ်ဦးခေါင်းဘေးအပေါပိုင်းဘက်ကနေ ပန်ကာဖွင့်ပြီး အိပ်လိုက်ပါတယ် အိပ်နေရင်းနဲ့ ဘယ်ဘက်ဂုတ်နဲ့ လက်ကလေးလာပါတယ် မျက်နှာပါးနားကလဲ အပေါ်ဘက်ကိုဆွဲသလို ဖြစ်သွားပါတယ်ဆရာ အဲဒီလိုဖြစ်တာကဆရာ လေဖြန်းချင်တာလားဆရာ ကျေးဇူးပြု၍ဖြေပေးပါဆရာ

အစားကြောင့်တော့ ရောဂါမရနိုင်လောက်။ သွေးတို ဆီးချိုနဲ့ ကိုလက်စထော ပုံမှန်ဖြစ်သူ လေဖြတ်တာ မဖြစ်။ သွေးတိုး ဆီးချိုနဲ့ ကိုလက်စထော ပုံမှန်ဖြစ်သူဆိုတာဘာကိုပြောတာလဲဆရာ နားမလည်လို့ပါ

စမ်းသပ် စစ်ဆေးရင် သိပါမယ်။

Stroke ခေါ် လေဖြတ်တယ်ဆိုတာ ဦးနှောက် သွေးလှည့်ပတ်ခြင်း နှေးတာနဲ့ သွေးမရတာကြောင့်ဖြစ်တယ်။ သွေးကြော တနေရာရာမှာ ပိတ်တာကို Ischemic stroke လို့ခေါ်ပြီး သွေးထွက်တာကို Hemorrhagic stroke လို့ခေါ်တယ်။ ဘ်နည်းကနေဖြစ်ဖြစ် လေဖြတ်တယ်လို့အလွယ်ခေါ်တဲ့ ထိခိုက်ပျက်းစီးတဲ့ ဦးနှောက်အစိတ်အပိုင်းတာဝန်တွေ မလုပ်နိုင်တာ ဖြစ်လာတယ်။

ဖြစ်နိုင်ခြေရှိသူတွေကတော့ -
1. High blood pressure သွေးတိုးရောဂါ၊
2. Diabetes ဆီးချိုရောဂါ၊
3. Heart diseases နှလုံးရောဂါ၊
4. Smoking ဆေးလိပ်သောက်သူ၊
5. Age and gender အသက်ကြီးသူ
6. Personal or family history of stroke မိသားစုရာဇဝင်ရှိသူ၊
7. Brain aneurysms or arteriovenous malformations ဦးနှောက်သွေးကြောရောဂါရှိသူ၊
8. Atrial fibrillation နှလုံးခုန်မမှန်သူ၊
9. Cholesterol ကိုလက်စထောများနေသူ၊
10. လူအဝလွန်သူ၊
11. အရက်သေစာ အသောက်များသူ၊
12. အငန်နဲ့ အဆီစားများသူ၊
13. ကိုကိန်းနဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူ၊
14. အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေးသုံးသူအမျိုးသမီး၊
15. ကိုယ်လက်လှုပ်ရှာမှုနည်းလွန်းသူ၊
16. အရင်ကလည်း လေဖြတ်ထားဖူးသူ၊
17. စိတ်ဖိအားများသူ။

1. Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ http://doctortintswe.blogspot.com/…/ischemic-heart-disease.…
2. Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း - ဒီလင့်ကို ဖေ့စ်ဘွတ်ကွန်မြိုနတီစည်းကမ်းအရ ပို့မရတဲ့။ တခါက ဘလော့လုပ်ခံခဲ့ရတယ်။
3. Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း http://doctortintswe.blogspot.com/2015/07/stroke.html
4. Stroke ဦးနှောက်သွေးကြောရောဂါ http://doctortintswe.blogspot.com/2014/10/stroke.html
5. Stroke လေဖြတ်ရင် http://doctortintswe.blogspot.com/2015/04/stroke.html

ကျန်းမာရေးအကြောင်းရေးရင် ဘယ်လိုဆရာဝန်ကရေးသလဲ သိပါ။ စာဖတ်တဲ့သူတွေ မျက်လုံးပြူးအောင်၊ ကြောက်လန့်သွားအောင်၊ စာဖတ်သူ၊ ရှယ်သူတွေများအောင်၊ ဂျာနယ်ရောင်းကောင်းအောင် မဟုတ်က ဟုတ်က ရေးတာတွေကို မဖတ်သင့်။ မရေးသင့်။ မဝယ်သင့်။ ဘလော့သင့်ပါတယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဦးနှောက်သွေးကြောရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments