ဆရာတပည့်များတဲ့ တိုင်းပြည်

၁။ တောင်းပန်ပါတယ်ဆရာ ကျမက ရခိုင်သူမို့ အရပ်စကား သုံးမိတာပါ ကိုက်ခဲတာကို ပြောတာပါဆရာ

လေဖြတ်တယ်ဆိုတာ သွေးတိုး ကိုလက်စထောနဲ့ ဆီးချိုရှိသူတွေမှာ ဖြစ်တယ်။ မေးတဲ့သူမှာ ဘာရှိနေ မသိ။

၂။ အီးရယ်ဆိုတာ ရခိုင်လို နာကြင်တာကိုပြောတာပါဆရာ။ ဆာရယ်ဆိုတာ ရခိုင်လို ပူလောင် နာကြင်တယ်လို့ပြောတာပါဆရာ။ ရခိုင်မှာ တာဝန်ကျခဲ့ဖူးလို့ တိုင်းရင်းသား ဒေသစကားကို နားလည်ခဲ့ပါတယ်။

ကိုယ်မေးတဲ့သူက ဘယ်လိုလူလည်း ယေဘုယျလောက်တော့ သိသင့်တယ်။ လူမျိုးနဲ့ အလုပ်အကိုင် နှစ်ခုတော့ လိုတာကို မေးတာတွေ ဖတ်ရင်းသိလာတယ်။ မြန်မာစကားက ကြိုက်ကြိုက်မကြိုက်ကြိုက် အများသုံးစကားရော ရုံးသုံးစာပါ ဖြစ်တယ်။

စောစောက တယောက်မေးတယ်။ ကလေးမရနိုင်တာ ရေးထားတာဖတ်ရလို့တဲ့။ အဲလိုရေးတဲ့သူက အိုဂျီလား၊ ဆရာဝန်လားလို့ ပြန်မေးထားတယ်။ အဲလိုဟာတွေက နေ့တိုင်း။

ဆေးအကြောင်း ရောဂါအကြောင်းသိလိုရင် ဆရာဝန်ရေးတာတော့ ဖြစ်သင့်တယ်။ တွေ့နေရတာက ဖေ့စ်ဘွတ်မှာ ကင်ဆာ၊ ဟိုရောဂါ သည်ရောဂါတွေကို ဘယ်လိုလူကရေးမှန်းမသိ ဖြေမှန်းမသိ မေးနေ ဖြေနေ လိုက်နာနေကြတယ်။

သတင်းတွေ တခြားသုတတွေလည်း အဲလိုပဲ။ ခြေခြေမြစ်မြစ်မရှိတာတွေကို ရေးတင်နေကြတယ်။ ရှယ်နေကြတယ်။ တရားတော်တွေလည်းပါတယ်။

မြန်မာပြည်မှာ လိမ်လို့ အင်မတန်လွယ်တဲ့လူတွေက အခုထိများနေတယ်။ လိမ်တဲ့သူတွေများ။ အလိမ်ခံချင်သူတွေလည်း များတယ်။ ဆရာလုပ်ချင်သူတွေ အလွန်များတယ်။ ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူရဲ့ တပည့်ခံချင်သူတွေက ပိုများတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး