Purple Sunbird နှံပြီစုတ်ငှက်

လွန်ခဲ့တဲ့ ၂ နှစ်တိတိက မေးပါတယ်။ ကျေးဇူး။ ပင်လုံအပေါ်အမြင်လေး ရေးပါဦးဆရာတဲ့။ ရှမ်းပြည်နယ်က ပင်လုံကို မရောက်ဖူးပါ။ နေပြည်တော်ပင်လုံလည်း ပုံထဲမှသာ မြင်ရတယ်။

ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး ရေးရတာ မလွတ်လပ်ပါ။ ကိုယ့်လက်ကို ပင့်ကူအိမ်လို တုပ်နှောင်ထားရတယ်။ အမယ်ဘုတ်ခြည်ခင်လိုဖြစ်နေတာ အရှင်းရခက်တယ်။ အပင်သက်တမ်းက ရှည်လှပြီး အလုံပိတ်ထားတာက မဖွင့်သေးသလိုလို့ တင်စားချင်တယ်။

မထိတထိရေးလို့လည်းမဖြစ်။ တဝက်ဖုံးတဝက်ဖေါ်နဲ့မရ။ (တည့်ထိုး) ဒဲ့ဒိုးရေးတာလည်း ဘေးကင်းမှာမဟုတ်။

တိုင်းရင်သားပေါင်စုံ အကုန်နဲ့ နှစ်အစိတ်ကြာ အတူသွားအတူလာနေခဲ့ပေမဲ့ ပြောကြတာသာ ကြားရတယ်။ သူတို့ကလည်း အကုန်အန်မထုတ်ကြ။

အစိုးရဆိုတာကတော့ ကိုယ်ဝင်ထားခဲ့တဲ့ပါတီမို့ သိသင့်တာတော့ သိတယ်။

တပ်မတော်ကိုတော့ ဘယ်လိုသိနိုင်မလဲ။ အခြေခံစစ်ပညာ လေးလတည်းသာသင်ဘူးတယ်။ နိုက်မုဖ်မှာ ရုပ်ဖျက်ပြီး အသံမထွက်အောင် ရွေ့ရှား (ရွေ့လျား) တတ်တယ်။ ရုပ်ဖျက်ထားတတ်တယ်။ လက်နက်ငယ်တော့ ဖြုတ် တပ်ဖူးတယ်။ ပစ်မှတ်ကို ချိန်တတ်တယ်။

ဒီအသိလေးတွေလောက်နဲ့တော့ ဒိုင်နိုဆောကို ဘတ်ဂွနဲ့ချိန်သလိုနေမယ်။ တချို့ကတော့ နှံပြီစုတ် အမြောက်နဲ့ချိန်တယ်။

Dr. တင့်ဆွေ
၂၉-၅-၂ဝ၁၇
၂၉-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး