အဲလိုတော့ မဟုတ်လောက်လို့ ထင်တယ်

ကွန်မင့်တခုရတယ်။ ကျေးဇူး။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က အတန်းထဲမှာ စာသင်ရင်းပြောပြတာက အခုနောက်ပိုင်း တတ် နဲ့ တက် မကွဲပဲဖြစ်လာရတဲ့အကြောင်းက အပြောကြောင့်လို့ ပြောပြပါတယ်။ စာသင်တတ်တယ်။ ပြောတတ်တယ် ဆိုတဲ့နေရာလိုမျိုးတွေမှာ တက်တွေ ရေးလာကြတာ စာအရေးအသားမှားတာ အပြောကစတယ်လို့ဆိုပါတယ်။ ကိုယ်တွေ့ ကိုမျှဝေခြင်းပါ။

အဲလိုတော့ မဟုတ်လောက်လို့ ထင်တယ်။

ပဌမအချက်က စကားမပီသလို့ဖြစ်တယ်။ ပီအောင် မှန်အောင် မပြောတတ်လို့။

နောက် သတ်ပုံဂရုမစိုက်လို့နဲ့

တတိယအချက် သတ်ပုံဆရာကြီးတွေကလည်း တကိုတစ်လုပ်ရေးသာ အာရုံထားကြလို့ဖြစ်မလား အခါခါ စဉ်းစားနေမိတယ်။

ဆင်ဆာအဖွဲ့ရှိတုန်းကလည်း တစ်မလုပ်တာကိုသာ ထုတ်ဝေခွင့်မပေး။ တတလုံးဘယ်လောက် ဒဏ်ရိုက်တယ်။ ကျန်တာ ဘာရေးရေး။ အခုလည်း သည်အတိုင်းပဲ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး