Union Gov’t Office Minister Unveils Reform Plan for GAD ပြင်မှာလား

အင်္ဂလိပ်လိုသတင်းတော့ တွေ့တယ်။ ဗမာလို မတွေ့သေး။ အစိုးရဌာနဆိုင်ရာတွေ ပြုပြင်ရေးအစီအမံတဲ့။ ကောင်းပါမယ်။

သူငယ်ချင်းတယောာက်ကတော့ ရေးတယ်။ မိုးကျရွှေကိုယ်ဘယ်ဆီလျှို ဘယ်လိုလူမျိုး အစားထိုးတဲ့။

အမိုး၊ အကာ၊ တိုင်၊ အုတ်မြစ်၊ အခင်းတွေ ပြင်ရတာထက် အိမ်ထဲနေသူတွေ ပြင်ရခက်တယ်။ အိမ်ဦးခန်းက မဆင်းချင်သူတွေက နှစ်ထုတ်လည်းမရ။ ကိုယ့်ကိုယ်ကို အိမ်စောင့်နတ်ထင်သူကထင်နေသေး။ သုံးမရတဲ့ နတ်အိုးကွဲကလည်း မနည်း။

စောစောက အဘမခေါ်ရ မနေနိုင်သူတယောက်ကို ဘလော့လိုက်တယ်။ ဘလော့ဖို့ အကောင့်ဖွင့်တဲ့အခါ တချို့က ဘုရားပုံတွေနဲ့ တွေ့ရတယ်။ အင်နယ်လ်ဒီလည်းပါတာပဲ။

မိုင်းဆက်လို့ပြောကြတယ်။ စိတ်နေစိတ်ထားပြောင်းတာက အခက်ဆုံး။ အနည်းဆုံး ရုံးချိန် ရုံးခန်းထဲမှာ ပြင်လာစေချင်တယ်။ တချို့က ဆိုင်းဘုတ်နဲ့ ဆေးသုတ်ထားသာ မြင်ကြတယ်။

ပြင်နိုင်အောင်ကြိုးစားတာကို အားပေးတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး