Thursday, May 30, 2019

Skelton အရိုးစု





သတင်းတွေဖတ်ပြီး ရေးချင်လာတယ်။

သူများတွေ မသိအောင် ဝှက်ထားနည်းတွေ အမျိုးမျိုးရှိတယ်။

ကျွန်တော်ငယ်ငယ်က စုံထောက်ဝတ္တုတွေ အတော်ဖတ်ခဲ့တယ်။ ဦးစံရှား၊ တင်မောင်ဆွေနဲ့ ဘာသာပြန်တွေ။ တပုဒ်ထဲက ရေးထားတာကို မှတ်မိနေတယ်။ လူသတ်ပြီး အရိုးစုကို ဧည့်ခန်းထဲမှာ ထားသတဲ့။

လက်တွေ့ဘဝမှာလည်း ဖမ်းမမိတဲ့တရားခံစာရင်းက တယောက်ပြီးတယောက် တိုးလာနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှိခင်ကနဲ့ အတည်ပြုပြီး ဘာမှမထူးပါဘူး။

မြင်လောက်သောနေရာတွင် ဝှက်ထားလိုက်သည်။

ဒေါက်တာတင့်ဆွေ
၃၀-၅-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...