ရေချိုးခန်း မင်းသား မင်းသမီး

Fb ကြီးပေါ်လာတော့ စာလုံးပေါင်းအမှားတွေ ပိုဆိုးလာတယ်ဆရာ

မှားနေကြတာကို သိခွင့်ရလာတာ။ အရင်ကတည်းက မှားနေကြတာ။

ရေချိုးခန်းမင်းသား။ အဆောင်မှာနေခဲ့ဖူးသူတိုင်း သိကြတယ်။ ရေချိုးခန်းထဲ သီချင်းဆိုကြတာ။ ကျွန်တော်လည်း ဆေးမန်းမှာ အဲလိုပဲ။ အခန်းကျဉ်းကျဉ်းလေးထဲမှာ လှိုင်သံနဲ့ဆိုတော့ ကိုယ့်အသံကို ပိုကောင်းသလို။ ရေချိုးတိုင်း ဆိုတယ်။ သူငယ်ချင်းတွေ ဆောရီး။

အသံမကောင်းသူ ရေချိုးခန်းထဲမှာဆိုတာ သူများကို ဒုက္ခပေးတာ နည်းတယ်။ စင်ပေါ်တက်ဆိုရင် လောက်စပီကာကျယ် ကျယ်သလောက် ကြားရသူအပေါင်းက နှိပ်စက်ခံရတယ်။

စာရေးလည်း အဲလိုပဲ။ ဟိုအရင်ခေတ်မှာ ရည်းစားစာမရေးတတ်သူတွေက လက်ဖက်ရည်တိုက်ပြီး အရေးခိုင်းရတယ်။ အလှူဖိတ်စာ မင်္ဂလာဆောင်ဖိတ်စာတွေလည်း အဲလိုပဲ။ သတ်ပုံနဲ့ သဒ္ဒါသာမက သင့်တော်မှန်ကန်တဲ့စာလုံးတွေ ဝါကျတွေ ရွေးရတယ်။ စာရေးတာကို အလွန်သတိထားကြတဲ့ခေတ်ကပါ။

ခုခေတ်မှာတော့ ကကြီးခကွေးတတ်သူတိုင်းက ဖေ့စ်ဘွတ် ခေါ် စင်ပေါ်ကနေ မဆင်းကြတော့ပါ။ အတိုင်းသားမြင်ရ ကြားရတယ်။ ကျယ်ကျယ်လောက်လောင်၊ တချို့က အဝတ်အစားမကပ်။ ကန်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး