ထမင်းဟင်းပုံ စကားစုံနှင့်
ဆရာနှင့် အန်တီအေး ကျန်းမာကြပါစေရှင့်။ နွေပူပူ လေပူပူ မီးခိုးငွေ့ တွေ တအူအူကြားမှာ ကူကယ်ရာမဲ့နေထိုင်ရင်း လေးလေးကြည်အောင်ကဗျာပေါင်းချုပ်လေးထဲက ကျမဖတ်မိတဲ့ ကဗျာလေး တပုဒ်ပါ။
မုဆိုးမ နှင့် လှည်းပျက်ကြီး
ဘီးလည်းမပါ၊ လှည်းအိမ်သာတည့်
ဇရာဖိစီး၊ လှည်းပျက်ကြီး။
နွားဖြူ နွားပြောက်၊ ချိုလိမ်ကောက်နှင့်
သွေးသောက်ရဲဘော်၊ ဆွဲဘက်ဖော်ကို
ကြွေးလျှော်ဆပ်ခက်၊ မြေရှင့်လက်၌
ဝကွက် အပ်နှံလိုက်ရပြီ။
လှည်းရှင်ယောက်ျား၊ လယ်သမားလည်း
နွမ်းပါးတလှည့်၊ ငတ်တလှည့်နှင့်
ဟိုသည့်နှစ်က၊ မိုးဦးကျဝယ်
လယ်စတဝိုက်၊ မြွေဆိုးကိုက်၍
မြှုပ်လိုက်ရလေ၊ သင်းချိုင်းမြေ။
လယ်မဲ့နွားမဲ့၊ အားကိုးမဲ့နှင့်
လင်မဲ့ဘဝ၊ မုဆိုးမသည်
သူမျာ့လယ်စိုက်၊ခစားလိုက်၏
ရိတ်သိမ်းပြီး၍
တစေ့နှစ်စေ့၊ ကျန်သရွေ့ကို
ရိုးကွေ့လယ်လျှောက်၊ကောက်သင်းကောက်၏
နဖူးချွေးစ၊ ခြေမ,ကျတိုင်
သူမျာ့လယ်ယာ၊ လုပ်ကိုင်ပါလည်း
ဝမ်းစာမဝ၊ မုဆိုးမ။
လှည်းကြီးအိုအို၊ ရောင်းပါလို၍
ဈေးချိုကြွေးချ၊ မဝယ်ကြ။
နှစ်ဖက်လှည်းဘီး၊ သံခွေကြီးကို
ဖိုမီးရဲရဲ၊ ရွာပန်းဘဲထံ
ဆန်ကွဲတတင်း၊ ဓားနှစ်စင်းနှင့်
ဈေးခင်းလဲလှယ်လိုက်လေပြီ။
ဘီးလည်းမပါ၊လှည်းအိမ်သာတည့်
ဇရာဖိစီး၊ လှည်းပျက်ကြီးသည်
ထီးတည်းကျန်ရစ်၊သခင်ပစ်ခဲ့
ငါးနှစ်ကြာညောင်းပါပြီလေ။
ကလေးတသင်း၊ နံနက်ခင်းမှာ
ထမင်းဟင်းပုံ၊ စကားစုံနှင့်
လက်ဆုံစားပျော်၊ လှည်းပျက်ပေါ်။
ကလေးတသင်း၊ နေ့လည်ခင်းမှာ
သီချင်းသံချို၊ တဟိုဟိုနှင့်
တေးဆိုခုန်စီး၊ လှည်းပျက်ကြီး။
ကလေးတသင်း၊ ညနေခင်းမှာ
ချဉ်ဟင်းစက်လက်၊ နှပ်ယိုထွက်လျက်
လှည်းပျက်အိုတွင်း၊ ခုန်ဆောင့်နင်း။
ကလေးတသင်း၊ ညဦးခင်းမှာ
လမင်းစောင့်ကြို၊ လှည်းပျက်အို၌
ပုံဆိုတိုးတိုး၊ မှောင်ရီပျိုးသော်
မုဆိုးမအိမ်၊ မီးထွန်းချိန်။
မုဆိုးမအိမ်၊ မီးမထိန်
ထိန်ပါသော်လည်း၊ ဆီအားနည်း
လှည်းကြီးအိုဇာ၊ မောင်းလိုပါ
ဘယ်မှာနွားထီး၊ ဘယ်မှာဘီး
ဘယ်မှာပါနည်း၊ သူ့မြေကြီး။ ။ ကြည်အောင် (၁၉၆၄၊ ဇူလိုင်၁၂)
ကဗျာလည်းကောင်း သတ်ပုံကလည်းမှန်။ ကျေးဇူး။
နွေပူပူ လေပူပူမှာ အတူအလည်လာကြတဲ့ ကျွန်တော်တို့ကတော့ မုဆိုးထီး မုဆိုးမ မဖြစ်ကြသေးမီမှာ ထမင်းဟင်းပုံ၊ စကားစုံနှင့် လက်ဆုံစားပျော်နေခဲ့ကြပါသတည်း။
ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၈
၂၄-၅-၂ဝ၁၉
မုဆိုးမ နှင့် လှည်းပျက်ကြီး
ဘီးလည်းမပါ၊ လှည်းအိမ်သာတည့်
ဇရာဖိစီး၊ လှည်းပျက်ကြီး။
နွားဖြူ နွားပြောက်၊ ချိုလိမ်ကောက်နှင့်
သွေးသောက်ရဲဘော်၊ ဆွဲဘက်ဖော်ကို
ကြွေးလျှော်ဆပ်ခက်၊ မြေရှင့်လက်၌
ဝကွက် အပ်နှံလိုက်ရပြီ။
လှည်းရှင်ယောက်ျား၊ လယ်သမားလည်း
နွမ်းပါးတလှည့်၊ ငတ်တလှည့်နှင့်
ဟိုသည့်နှစ်က၊ မိုးဦးကျဝယ်
လယ်စတဝိုက်၊ မြွေဆိုးကိုက်၍
မြှုပ်လိုက်ရလေ၊ သင်းချိုင်းမြေ။
လယ်မဲ့နွားမဲ့၊ အားကိုးမဲ့နှင့်
လင်မဲ့ဘဝ၊ မုဆိုးမသည်
သူမျာ့လယ်စိုက်၊ခစားလိုက်၏
ရိတ်သိမ်းပြီး၍
တစေ့နှစ်စေ့၊ ကျန်သရွေ့ကို
ရိုးကွေ့လယ်လျှောက်၊ကောက်သင်းကောက်၏
နဖူးချွေးစ၊ ခြေမ,ကျတိုင်
သူမျာ့လယ်ယာ၊ လုပ်ကိုင်ပါလည်း
ဝမ်းစာမဝ၊ မုဆိုးမ။
လှည်းကြီးအိုအို၊ ရောင်းပါလို၍
ဈေးချိုကြွေးချ၊ မဝယ်ကြ။
နှစ်ဖက်လှည်းဘီး၊ သံခွေကြီးကို
ဖိုမီးရဲရဲ၊ ရွာပန်းဘဲထံ
ဆန်ကွဲတတင်း၊ ဓားနှစ်စင်းနှင့်
ဈေးခင်းလဲလှယ်လိုက်လေပြီ။
ဘီးလည်းမပါ၊လှည်းအိမ်သာတည့်
ဇရာဖိစီး၊ လှည်းပျက်ကြီးသည်
ထီးတည်းကျန်ရစ်၊သခင်ပစ်ခဲ့
ငါးနှစ်ကြာညောင်းပါပြီလေ။
ကလေးတသင်း၊ နံနက်ခင်းမှာ
ထမင်းဟင်းပုံ၊ စကားစုံနှင့်
လက်ဆုံစားပျော်၊ လှည်းပျက်ပေါ်။
ကလေးတသင်း၊ နေ့လည်ခင်းမှာ
သီချင်းသံချို၊ တဟိုဟိုနှင့်
တေးဆိုခုန်စီး၊ လှည်းပျက်ကြီး။
ကလေးတသင်း၊ ညနေခင်းမှာ
ချဉ်ဟင်းစက်လက်၊ နှပ်ယိုထွက်လျက်
လှည်းပျက်အိုတွင်း၊ ခုန်ဆောင့်နင်း။
ကလေးတသင်း၊ ညဦးခင်းမှာ
လမင်းစောင့်ကြို၊ လှည်းပျက်အို၌
ပုံဆိုတိုးတိုး၊ မှောင်ရီပျိုးသော်
မုဆိုးမအိမ်၊ မီးထွန်းချိန်။
မုဆိုးမအိမ်၊ မီးမထိန်
ထိန်ပါသော်လည်း၊ ဆီအားနည်း
လှည်းကြီးအိုဇာ၊ မောင်းလိုပါ
ဘယ်မှာနွားထီး၊ ဘယ်မှာဘီး
ဘယ်မှာပါနည်း၊ သူ့မြေကြီး။ ။ ကြည်အောင် (၁၉၆၄၊ ဇူလိုင်၁၂)
ကဗျာလည်းကောင်း သတ်ပုံကလည်းမှန်။ ကျေးဇူး။
နွေပူပူ လေပူပူမှာ အတူအလည်လာကြတဲ့ ကျွန်တော်တို့ကတော့ မုဆိုးထီး မုဆိုးမ မဖြစ်ကြသေးမီမှာ ထမင်းဟင်းပုံ၊ စကားစုံနှင့် လက်ဆုံစားပျော်နေခဲ့ကြပါသတည်း။
ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၈
၂၄-၅-၂ဝ၁၉

Comments
Post a Comment