မမျှော်သော်လည်း ဝေးခဲ့သည်

အတိုအပြတ်လေးတွေ ရေးထားတယ်။ မင်းဘေးသင့်သူ မင်းရွာသား မင်းနေပြည်နဲ့ ကံဇာတာမထိုက်ပါကြောင်း။

ရွှေပြည်တော် မျှော်တိုင်းဝေးတော့ မဟုတ်ပါ။ မမျှော်ပါ။ မမျှော်ပါဆိုတာ အသားလိုလို့ အရိုးတောင်းသလို မဟုတ်သေးပါ။ မျှော်မရလို့သာ။ အရွေးခံခွင့် မရှိ။ မဲပေးခွင့် မရှိ။ လည်ပတ်ခွင့်ရှိတာလာ ၂၈ နှစ်ကြာမှသာ။ လင်းထင်းနေတဲ့ နေပြည်တော်ကို မှောင်ရိပ်ခိုပြီး ကြည့်မြင်ခွင့် မနှစ်က ဒီလိုရက်မှာ ရခဲ့တယ်။

လူတိုင်း မျှော်လင့်တိုင်း ရည်မှန်းတိုင်း ဖြစ်ချင်မှ ဖြစ်တယ်။ ကြိုးစားတိုင်း အကုန်အောင်မြင်တယ် မရှိပါ။

မမျှော်တာတွေလည်း တကယ်ဖြစ်ပါတယ်။ ဖြစ်လာတဲ့ မထင်တာက ပိုကောင်းသလား ပြောနိုင်တာရှိတယ်။ လွတ်တဲ့ငါး ကြီးတာလည်းရှိတယ်။

အကျိုးရလဒ်သဘောတရားကို သိထားပြီး ကြိုးစားသင့်တာကို လုပ်ဆောင်နေခြင်းသည်သာ သင့်မှန်တယ်။

မင်းနေပြည်အား မမျှော်သော်လည်း ဝေးခဲ့သည်တကား။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး