Depression ဒီပရက်ရှင်း




အင်္ဂလိပ်စာသင် တခြားကျောင်းတခုက သင်ခန်းစာ။ အမေရိကမှာဆိုတော့ စီးပွါးရေးကျဆင်းမှုကြီးအကြောင်း ဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ ဒီပရက်ရှင်းဆိုတာနဲ့ စိတ်ကျရောဂါကိုသာ တန်းစဉ်းစားတယ်။

ဘူမိဗေဒသမားတွေက မြေကြီး နိမ့်ကျသွားတာလို့ ပြောကြမယ်။

မိုးလေဝသပညာရှင်တွေအတွက်တော့ လေဖိအားနည်းရပ်ဝန်း။

Great Depression ခေါ် ကမ္ဘာ့အကြီးဆုံး စီးပွါးရေးကျဆင်းမှုကြီး ၁၉၂၉ ကနေ ၁၉၃၉ အထိဖြစ်တဲ့တာ သမိုင်းဝင်တယ်။ ဝေါလ်စထိရိ စတော့ဈေးကွက် ပျက်တာကနေစတယ်။ အမေရိကန် ၁၅ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်။ မကြာခင် ဒုတိယကမ္ဘာစစ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး