Bygone Surgeon ခွဲခဲ့ရတဲ့ ဆရာဝန်

ပြည်ပနိုင်ငံရေးလုပ်ခဲ့စဉ်ကာလအတွင်းမှာ ထိုင်းနိုင်ငံကို အခေါက်ပေါင်းများစွာရောက်ခဲ့ပါတယ်။ ကနဦးနှစ်တွေက မာနယ်ပလောအထိ သွားရတယ်။ မာနယ်ပလောကျပြီးနောက်ပိုင်းမှသာ မဲဆောက်ကို သွားရတာပါ။ မဲဆောက် ရောက်တိုင်း ဒေါ်ဆင်သီယာဆေးခန်းအထိ ရောက်တာများတယ်။

ကျွန်တော်က ရောက်တဲ့အရပ်မှာ လူနာရှာတယ်။ ရှာတော့လည်း ခွဲစိတ်လူနာ။ ကွယ်လွန်သူ ဗိုလ်ချုပ်မြမွေးတဲ့ရွာက ဆေးရုံမှာ ရင့်မာနေတဲ့ကိုယ်ဝန်အရွယ်အစားလောက်ရှိတဲ့ မျိုးဥအိမ်အလုံးကြီးကို ခွဲပေးခဲ့ဘူးတယ်။ ကျည်ဆံမှန်ခံရတဲ့ လူနာတယောက်ကို လည်ပင်းဖေါက်ပေးရတယ်။ မျိုးဥအိမ်အလုံးလူနာအမျိုးသမီးကြီးက ကောင်းသွားပေမယ့် ကျည်ဆံမှန်တဲ့ကရင်စစ်သား သိပ်မကြာခင် ကွယ်လွန်သွားတယ်။ ပြည်တွင်းစစ်ကျည်ဆံမှန်တာ။ ဆောရီး။

ဒေါ်ဆင်သီယာဆေးခန်းမှာတော့ ၄-၅-၆ ယောက်ခွဲပေးဘူးတယ်။ အူကျနဲ့မုတ်ပါတွဲရှိနေတဲ့လူနာတယောက်ကိုခွဲတော့ ကရင်ဆေးမှူးတဦးက အဆစ်စ်လုပ်ပေးတယ်။ အဲဒီဆေးမှူးက အခု KNU မှာ ထိပ်ပိုင်းမှာ တာဝန်ယူနေတယ်။

ဓါတ်ပုံကတော့ ၁၉၉၃ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် (ယိုဇိုယိုကိုတာ) လာစဉ် ထိုင်းနယ်စပ်တနေရာမှာ သွားရောက်တွေ့စဉ်က ကရင်ဒုက္ခသည် လူနာတွေကို ဆေးဝါးကုသပေးခဲ့ရစဉ်ကဖြစ်ပါတယ်။ ပြည်တွင်းစစ် လူနာတွေ။

ထိုင်းမြန်မာနယ်စပ် တောစခန်းတွေမှာ အစည်းအဝေးတွေလုပ်တိုင်းလည်း ချောင်းဘေးမြောင်းဘေးတွေမှာပါ မိုင်နာခွဲစိတ်စရာတွေကို ခွဲစိတ်ပေးခဲ့ဘူးတယ်။ အခုတော့ ခွဲစိတ်ခန်းတွေ၊ ခွဲစိတ်လူနာတွေ၊ ခွဲစရာတွေ အားလုံးနဲ့ပါ ခွဲခဲ့ရပြီကောဗျာ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
၂၈-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး