မနှစ်က ဒီလိုနေ့မှာ








ချင်းတွင်းတံတားကို ဒုတိယအကြိမ်ဖြတ်ပြီး အနောက်ဘက်ကို ခရီးသွားပါတယ်။ ပုလဲမြို့နယ် မင်းရွာကို။ မရောက်တာ ၂၈ နှစ်ကြာခဲ့တဲ့ ဇာတိရွာ။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

ကုက္ကိုပင်ကြီးတွေ

ဟိုတနေ့က ကုက္ကိုပင်ကြီးတွေပုံ ပြန်ရှာတာ မတွေ့ဘူး။

မနှစ်က ဒီလိုနေ့မှာ ဇာတိရွာကိုအသွား လက်ပန်အေးနား ကုက္ကိုပင်ကြီးတွေအောက်မှာ ရွံ့ဗွက်တွေရှိလို့ မနည်းကြိုးစား ကားမောင်းရတယ်။ အဆင်ပြေပြေ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ကားမောင်းသူက တရွာတည်းသား။ သူ့အဖေရှိစဉ်ကတော့ လှည်းနဲ့ လာခေါ်တယ်။ ကျွန်တော်က တောသားအစစ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့မက

မုံရွာတောင်နားက ဗောဓိတထောင်မှာ ဘုရားလည်းဖူး သတ်ပုံလည်းဖူးခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့

အထက်တန်းကျောင်းသားဘဝက သူငယ်ချင်းတွေနဲ့ မုံရွာလက်ဖက်ရည်ဆိုင်မှာ

နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

မနှစ်က ဒီလိုနေ့မှာ ဇာတိရွာကိုအသွား

ကံကုန်းရွာအထိ ဆိုင်ကယ်တစီးက လာကြိုတယ်။ ကျေးဇူး။

ကျားတက်မရောက်ခင် နုနေတဲ့တမာပင်တွေက ကျွန်တော့် မော်ဒယ်ဂဲလ်တွေ။ နေကောင်းကြပါစေ။

ကျားတက်ရွာမှာ ကျောက်ကန်ရွာသို့ဆိုင်းဘုတ် ဖတ်ရတယ်။ အဲဒီကိုလည်း ရောက်မယ်။ ကားပေါ်မှာ စပယ်ပန်းတွေက မွှေးလို့။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၈
၂၇-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး