ဒယ်ဆိုတာ ကြော်စရာ

အာဖျံကွီး ဆရာ ကလေးဒွေ ယူဆော့ဒါနေမယ် ကျနော်လည်းဖြစ်ဖူးဒယ် ဆရာ့ ပို့စ် တခုမာ အားနာဘါဒယ်ဆရာ

စာကို တမင်တကာဖျက်ရေးတာလို့ထင်တယ်။ ဒွေ၊ ဒါ၊ ဒယ်၊ မာ၊ ဘာဒယ်။

စာကို ကိုယ်လိုလူတွေ တယောက်ဆီတယောက် ကြိုက်သလိုရေးကြတာ ပြောရန် မရှိပါ။ ကျွန်တော့်ဆီကိုတော့ ရိုးရိုးလေး ရှင်းရှင်းလေးသာ ရေးပါရန်လို့ အကြိမ်တရာလောက် ရေးတင်ထားတယ်။

ကျန်းမာရေးမေးတာတွေဖြေနေရတော့ စာနည်းလည်းလွဲတာနဲ့ ရောဂါအမည်လွဲနိုင်တယ်။ ဆေးနည်း လွဲနိုင်တယ်။ အဲတာကြောင့် စည်းကမ်းလိုလို လုပ်ထားရတယ်။ ဆောရီး။

မာဆိုတာ မပျော့တာ။ ကင်ဆာမဟုတ်တဲ့အကျိတ်က ပျော့ပြီး ကင်ဆာက မာတယ်။ ဘီဆိုရင် ဘီပိုးလားစဉ်းစားရတယ်။ ဒယ်ဆိုတာ ကြော်စရာ။ ညှော်အကြောင်း မေးတာလား။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ