သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ရပြန်သည်

ဆရာခင်ဗျား နှင်းဆီခင်းအား ဖားစောင့်၏။ နှင်းဆီခင်းကို ဖားစောင့်၏။ ဘယ်ဟာမှန်ပါသလဲ။ ကို နှင့် အား အသုံးသိချင်တာပါ။

မြန်မာသဒ္ဒါမှာ နာမ်ဝိဘတ် ၁၇ မျိုးရှိတယ်။
• ကို = ကံဝိဘတ်
• အား = လက်ခံပြဝိဘတ်

ရာမာယဏဇာတ်ကို ကိုးကားတင်ပြပါရစေ။

ရာဝဏဘီလူးမင်းသည် အမျက်ကြီးစွာဖြင့် ဂလဲ့စားချေရန်လိုက်လာပြီးနောက် သီတာမသ်းသမီးအား မြူစေသည်။
ထိုအခိုက် ရာဝဏသည် ရသေ့ယောင်ဆောင်၍ သီတာအား ရထားပျံပေါ်တင်ကာ ကောင်းကင်ခရီးဖြင့် ခိုးပြေးလေသည်။
ရာမမင်းသားညီနောင်တို့သည် ရွှေသမင်ကို လိုက်၍မရလဲ ပြန်လာသည်တွင် သီတာမင်းသမီးအား မမြင်သဖြင့် မင်းသမီးအား အရှာထွက်ရပြန်သည်။
ထိုနောက် ရာမသည် ဗာလီအား တိုက်ခိုက်ပြီးသော် သုဂ္ဂီဝအား နန်းပြန်အပ်လေသည်။
ထိုကြောင့် သီတာမင်းသမီးကို ရှာဖွေရာ၌ ဟနုမာအား ရာမမင်းက လွှဲအပ်လေသည်။
ရာဝဏ၏နန်းတော်၊ ရထားပျံ၊ မောင်းမမိဿံတို့၏ အဆောင်များ စသည်တို့သို့ တိတ်တဆိတ် လှည့်လည်စုံစမ်းပြီးနောက် သီတာမင်းသမီးအား တောအုပ်တခုအတွင်းဝယ် တွေ့ရှိလေသည်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး