ကနေ့တော့ ပုံမှန်

အိပ်ရာထ ကော်ဖီမသောက်ရသေးရင် လျှာက တောင်းပြီ။ ကော်ဖီကျကျနနဖျော်ပေးသူ မလာသေးရင် ရယ်ဒီမိတ်နဲ့ ညားတယ်။ ကနေ့တော့ ပုံမှန်။

မနေ့ကတော့ ဂျုံနဲ့လုပ်တဲ့ အင်ဒီးယန်းတွေစားလေ့ရှိတဲ့မုံ့။ ကုလားစာလို့ပြောရင် သွန်သင်အမိန့်ပေးခံထားရသူတွေက တမျိုးထင်ကြမယ်။

ကနေ့တော့ ဘုတလင် ညောင်ကန်သူက သူငယ်ငယ်ကကြိုက်တဲ့ မြေဥတမျိုးပြုတ်တာစားရတယ်။ ပိန်းဥ၊ ကန်စွန်းဥ၊ တာဒိုဥ၊ အမျိုးမျိုးရှိတာ။ ဆီးလေး ဆားလေးနဲ့ စားကောင်းတယ်။

ကျွန်တော်က စားစရာသာ ရွေးတာမဟုတ်။ စားလို့လွယ်တာကိုသာ စားတယ်။ လက်နှစ်ဘက်နဲ့ ကိုင်တွယ် ဖြတ်တောက် နေရတာမျိုးကို အချိန်ရွေးစားတယ်။

ရွေးစရာများတော့ စားစရာနည်းတယ်။ နည်းတော့ ဗိုက်မရွှဲသေးဖူး။ မနေ့တနေ့က ခါး ၃၄ ဘောင်ဘီရှည်ဝယ်လာတယ်။ အဝတ်အစား ကိုယ်တိုင် တထည်မှ မဝယ်ဖူးသေး။ မန္တလေးက ကလေးမရသေးတဲ့စုံတွဲက လက်ဆောင်ပေးလိုက်တဲ့ ခါးပတ်က အကျဉ်းဆုံးအပေါက်နဲ့ ဝတ်မှသာရတယ်။ Smile! ကျေးဇူး။

စာရေးပြီးတော့ ကော်ဖီကုန်ပြီ။ တာဒိုဥ တဝက်သာကျန်တော့တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး