ချစ်မိုဃ်းကြီး

ကျွန်တော့်အညံ့ဆုံးဘာသာရပ်တွေထဲမှာ တေးဂီတက အောက်ဆုံးမှာ။ မကြည်အောင်ဆိုခဲ့တာက မူးရင်းသီချင်းဖြစ်မယ် ထင်ပါတယ်။ ချစ်မိုးကြီးသီချင်းကို နာမည်ကြီးအဆိုတော် အတော်များများဆိုတာ ကြားဖူးတယ်။ တမျိုးစီ ကောင်းကြတယ်။

စိတ်မှာစွဲရပါသည် တအိပ်ရာထဲပင်ထင်မိသည်

သီချင်းစာသား မူကွဲတွေ သတိထားမိတယ်။ အနှစ်သာရတူသလောက်ပဲ။ စာသားရေးတာမှာတော့ နောက်လူတွေက တစ်ကြတယ်။

မိုဃ်းကို မိုးလို့ရေးလာတာက လွယ်သူပြီး အမှားမဖြစ်စေလို့ သဘောကျတယ်။ လွယ်ပြီး မှန်နေတာကို ခက်အောင် မှားအောင်ရေးကြတာတွေကိုတော့ သဘောမတူပါ။

ဆုတောင်းလိုက်ပါတော့သည် တောင်းတဲ့ဆုနဲ့ ပြည့်ပါရစေ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး