Tuesday, May 28, 2019

Generations မျိုးဆက်

ကျွန်တော့်မိသားစုက မြန်မာပြည်၊ အိန္ဒိယနဲ့ ယူအက်စ်အေ သုံးနိုင်ငံမှာ နေကြရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တိတိက ဇနီး၊ သမီးနဲ့ မြေးမ၊ ဂျနရေးရှင်း သုံးခုဟာ ဒေလီကထွက်လာကတည်းက အတူတူမထွက်ရတာကြာလို့ ဒုတိယ တိုင်းပြည်က အစားအစာ သွားစားကြသတဲ့။ ကျွန်တော်က မဆလာမကြိုက်တာမို့ ပါမသွားပါ။

မြန်မာပြည်မှာနေခဲ့တုံးကတော့ ကုလားဟင်းကို မုံရွာနဲ့ မန္တလေးမှာ မကြာမကြာစားပါတယ်။ အိန္ဒိယက မဆလာကိုတော့ မလွဲသာမရှောင်သာ အစည်းအဝေးတွေမှာ ဖိုင်စတားကဖြစ်ဖြစ် အောင့်အီးသည်းခံ စားခဲ့ရတယ်။ သူတို့ဆီက ဒန်ပေါက်လည်း ကောင်းတဲ့ဆိုင်ကသာ ကောင်းတာ။ ဟိုက်ဒရာဘဂ်ကတော့ နာမည်ကြီးတယ်။

ရိုတီး ခေါ်တာကိုတော့ ကိုယ့်အိမ်ကချက်တဲ့ ပဲဟင်း၊ အသားဟင်းနဲ့ စားပါတယ်။ ဗီကပ်စ်ပူရီ ကြာသပတေးညဈေးတန်းကို အမှတ်ရတယ်။ ဒေလီမှာ ကျန်ရစ်သူတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
၂၈-၅-၂ဝ၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းခ...