To my brother ငါ့ညီပြောင်းဝင်း

စင်္ကာပူခေတ္တရောက် သူငယ်ချင်းမောင်ဝင်းသို့ အစချီတဲ့စာတစောင်ကို ကျွန်တော့်ညီ ဆေးကုဘို့ရာ စင်္ကာပူသွားရလို့ သူ့သူငယ်ချင်းကနေ ရေးတာပါ။ အေးနောက်ဆုံးနိဂုံးကိုလည်း ဗန်းမော်ကြီးစကားနဲ့ပဲ အဆုံးသတ်လိုက်မယ်။ ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ မန်းတောင်ရိပ်ခိုပြီး တုံးကျော်မသီချင်း ပျော်ပျော်ပါးပါးဆိုကြရအောင် လူစုထားမယ်။ မင်းရဲ့ သစ်လွင် တဲ့။

ကျွန်တ်ေလည်း ရေးလိုက်တယ်။ 

ငါ့ညီ မောင်ဝင်း စင်္ကာပူဆင်း၊ မင်းရော ငါပါ၊ အကြိမ်များစွာ ခွဲစိတ်လာခဲ့တာ၊ ဂျီ-ဂျေ နည်းဟာ ဘာခက်တာ မှတ်လို့ကွာ၊ တို့ညီအကို သီချင်းတဆိုဆိုနဲ့ ပုလဲလိုနေရာမှာ ဖိတ်စင်တာမရှိခဲ့ပါ။ တို့သိကြတာ လူနာ့ရောဂါ၊ မင်းဆိုတာ မြနန္ဒာ နေညိုသမ်း၊ အောင်ပင်လယ်ရေချိုခမ်း၊ လွမ်းစရာလို့ မအောင့်မေ့၊ တနေ့မှာ ခွဲလူနာ ဘယ်လောက်လာလာ၊ မင်းနဲ့ငါ ဗမာဆေးနဲ့ကွမ်းယာပါ မမောကြဘူးလေကွာ၊ ခုနေမှာ ကွမ်းယာမလို ဆေးပေါ့လိပ်တိုမလို၊ မင်းသီချင်းဆို၊ မင့်အကို ငါစာဆို၊ တို့ကို ကြိုနေသူတွေနဲ့ ပြန်ဆုံဘို့သာလို၊ နေညိုတာ နေဝင်တာမဟုတ်လို့ ငါပြောလိုက်ပါ။

(ဂျီ-ဂျေ = အစာအိမ်နဲ့ အူသိမ် ဖြတ်ဆက် ခွဲစိတ်ကုသနည်း)

ဓါတ်ပုံထဲမှာ ၁၉၈၈ မတိုင်မီက ပုလဲမြို့နယ် ဝက်ကျတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်နဲ့ မြို့နယ်ဆရာဝန်။ မနှစ်က အလည်ပြန်တော့ သူလည်းနေကောင်းနေပြီ။ နှစ်ယောက်သမား မန္တလေးဆေးရုံကြီးခေါင်မိုးပေါ် အတူတက်ခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၆
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး