နင် နင့် နက် နဲ့

၁။ နဲ့ ကို နက် လို့လဲရေးနေကြတယ်ဆရာ

၂။ နဲ့ ကို နက် ဆိုပြီး ရေးကြတာကိုလည်း ထောက်ပြပေးပါအုံးဆရာ။ မလုပ်ပါနဲ့ကို မလုပ်ပါနက်၊ ဟိုလူနဲ့တွဲ သည်လူနဲ့တွဲ ကို ဟိုလူနက် သည်လူနက် လို့ ရေးကြတာ အများအပြား ဖြစ်နေကြပြီဆရာ။

နက်
အနက်ရောင်။
နက်ကျော။
နက်ကြုတ်။
နက်ချိပ်။
အသားနက်သည်။
နက်ဖြန်ခါ။
နက်ရှိုင်း။
နက်ဝှမ်း။
နက်နဲခက်ခဲလှသည်။
အဓိပ္ပါယ်အတိမ်အနက်။
နက္ခတ်တာရာ။

နဲ့
နုန့်နဲ့သည်။
သွားနဲ့သည်။
သည်အဝတ်အစားနဲ့ လှသည်။
လှုပ်တိုင်းနဲ့သည်။
ထော့နဲ့ထော့နဲ့ သွားနေသည်။
ချည့်နဲ့နဲ့သာ ကျန်တော့သည်။
နှဲ့၍ နဲ့။
နင့်နင့်သီးသီး။

နင်
နင်နဲ့ငါနဲ့။
နင်ပဲငဆ မပြောရ။
အစာနင်သည်။

နင့်
စားပို့နင့်တတ်သည်။
နင့်နေအောင် မစားရ။
နင့်နင့်သီးသီး မပြောအပ်။

ဟိုလူနက် သည်လူနက်တွဲလို့ရေးရင်တော့ အသားမည်းသူနဲ့တွဲလိုက် အသားနက်သူနဲ့တွဲလိုက်ဖြစ်မှာပေါ့။ Smile!

ဒေါက်တာတင့်ဆွေ

Comments