ထုံးနည်းကို တလွဲသုံးခြင်း

ဖတ်တော့ အသံ ရေးတော့ အမှန်တဲ့ ဆရာ အသံက ဒေသရဲ့ စကားသံ ပေါက်နေပါစေ ရေးတဲ့အခါမှာတော့ မှန်တာကိုပဲ ရေးစေချင်တာပဲ ရှင့်

ရေးတော့ အမှန် ဖတ်တော့ အသံ ထုံးကို တလွဲသုံးနေကြတယ်။ တစ်ခါတစ်ရံလို့ရေးတာကို ဘယ်လိုမှ တခါတရံသံနဲ့ ဖတ်မရ။ တစ်တစ်ခွခွ ထွက်ရတယ်။ ခေါင်းကိုက်ကို ဂေါင်းကိုယ်လို့ ထွက်တာမျိုးကသာ ထုံးနည်းနဲ့ညီတယ်။

နေကောင်းလားမေးတာကို ကောင်းဒယ်လို့ ဖြေတယ်။ ကောင်းတယ်လို့ ရေးရတယ်။

ကျန်းမာပါစေလို့ရေးပြီး ကျန်းမာဘာဇေသံထွက်ကြတယ်။ ကစားမလားလို့ရေးပြီး ဂဇားမလားလို့ ပြောကြတယ်။

စာရေးသလို စကားပြောသူမျိုးကရှိသေးတယ်။ သူငယ်တန်းကျောင်းသားလိုလို။ မိမိကတော့ မကြိုက်ပါတဲ့။ ပြောတဲ့သူက မိမိ ခေါ် မိန်းကလေးလည်း မဟုတ်။ သူမကြိုက်တာကို ပြောနေတာ။

စာနဲ့ စကား ကွဲပြားပါစေ။ အရေးနဲ့ အဖတ် တတ်မြောက်ပါစေ။ သတ်ပုံပြင်အဖွဲ့ကြီး (ဂျီး) အဓွန့်ရှည် (ရှေ) ပါစေ (ဇေ)။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး