မျှစ်များလို

ကွန်မင့်တခုရတယ်။ အသိအမှတ်ပြုတာ ကျေးဇူးပါ။ ဆရာ့အနေအထားနဲ့ ကျွန်တော်က တစ်အား ကွာပါတယ်။

တစ်အားလို့ ရေးတာတိုင်းကို တစ်ဆို့နေသလား စဉ်းစားတယ်။ ကျွန်တော် သူငယ်တန်းကတည်းက တအားလို့သာ ရေးတတ်တယ်။ ကျွန်တော်က ခေတ်စာတွေကို မတတ်သူသာဖြစ်ပါတယ်။

အလွန်၊ အလွန်အကျွံ၊ အများကြီးဆိုတဲ့သဘောကို စကားပြောအသုံးတွေ များတယ်။ ဘန်းစကားတွေရှိတယ်။
အခုသုံးနေကြတာတာ အရမ်း။ နင်းကန် လို့လည်းသုံးတယ်။ မတရား၊ တအား၊ တအားကြီး လို့လည်း ပြောကြတယ်။ တရပ်နဲ့တရပ် တယောက်နဲ့တယောက် မတူပါ။ အချင်းချင်းနားလည်ရင်ပြီးရော။

အရမ်းကို အရန်းရေးတာ မမှန်ပါ။

လှတာ ချောတာကို အလန်းလို့ ပြောကြတယ်။ အလမ်းလို့ရေးရင် နာရီနိုးစက်ဖြစ်သွားမယ်။

တအားကိုတော့ တစ်အားရေးတာ မှားတယ်။ တစ်အားဆိုတာ တစ်တဲ့အား။ ရူပဗေလို တစ်စေသောအား။

တယောက်တလက်တအားဆိုတာက ဆောင်ပုဒ်ဖြစ်ပြီး သီချင်းတွေ ကဗျာတွေထဲ ထည့်ရေးကြတယ်။

တစ်အားလို့ စာစပ်ကြည့်မယ်။

မေ့ကို တစ်အား ချစ်သလားဆို။
မောင်ကို ပစ်မထား စစ်သားလို။
ဈေးကို ဆစ်ထား မျှစ်များလို။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး