အလံတိုင်

တလောက ယိုင်နေတယ်။ အသိတယောက်က ကားနောက်ဆုတ်ရင် ထိမိတော့ ပိုယိုင်သွားတာ သွားဖြောင့်ကြည့်တော့ ကျိုးရော။ အခြေမှာ သံချေးတက်နေပြီ။

ကနေ့ ပြင်ပြီးပြီ။ အိမ်မှာ ဘာပျက်ပျက် လာပြင်ပေးသူတယောက်က လုပ်ပေးတယ်။ ကျေးဇူး။ ဆရာအလံတိုင်ပြင်ပြီးပြီ အလံတင်ပေတော့တဲ့။ ဟင်္သာအလံ အရင်တင်မယ်ကွ။ သူက မွန်လိုမျိုး။

ကျွန်တော်ကဗမာ။ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဝင်အလံက ကျွန်တော်တို့ အဝေးရောက်အစိုးရအလံကို ပုံတူခိုးယူထားတာ။ အဲဒီအလံကို မတင်ချင်ပါ။ အမေရိကန်အလံနဲ့လည်း ကိုယ်နဲ့မဆိုင်သေး။

အလံတိုင်ရှိနေတာ ကောင်းတယ်။ တင်လိုရာတင်လို့ရတာပေါ့။ အလံတိုင်နားမှာ နှင်းဆီပန်းလေးတွေ ပွင့်နေကြတယ်။ ချိုးလေးတကောင်က မြက်ခင်းနားမှာ အစာရှာနေလေရဲ့။

ကနေ့ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့။ အရွေးချယ်ခံရခြင်း၏ ဆုလာဘ်ဆိုတာ အလံမရှိသူပါတကား။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး