ချစ်မိုးစွေနှင့် မိုးစွေငှက်

ချိုပြုံးသီဆိုတဲ့သီချင်း စာတမ်းထိုးထားတာ ချစ်မိုးဆွေချင်ပါပေတဲ့။ စွေချင်ပါပေလို့သာ ရေးရမယ်။

တော်ပါသေးတယ်။ အညာက တစ်မာလမ်းကို ပြန်ခဲ့ပါလို့ မရေးကြသေးလို့။ အညာကမောင်တွေ တစ်ကုန်ကြတာတော့ များနေပြီ။

မိုးစွေနေသည်
မိုးစွေငှက်
မျက်စိစွေသည်
စွေ၍ကြည့်သည်
စွေစောင်း

ဆွေစဉ်မျိုးဆက်
ဆွေနီးမျိုးစပ်
ဆွေမျိုးဉာတိ
ဆွေမျိုးရင်းချာ
ဆွေမျိုးသားချင်း
ဆွေမျိုးပေါက်ဖော်
ဆွေရိပ်မျိုးရိပ်

အလွန်ထူးခြားသည့် အကြောင်းတရပ်မှာ မိုးစွေငှက်တွင် အလွန်သန်မာသော အတောင်ပံများရှိသောကြာင့် လေထဲတွင် မရပ်မနား တနေ့လုံးလိုလို ပျံသန်းနေနိုင်သည်။

အခုခေတ်မှာတော့ မိုးစွေငှက်က မိုးဆွေငှက်ဖြစ်၊ တနေ့လုံးက တစ်နေ့လုံးဖြစ်၊ အကြောင်းတရပ်ကိုလည်း မှန်အောင်မရေး အလွန်ထူးခြားသော မြန်မာစာ ဖြစ်ပါသတည်း။

https://www.facebook.com/100014952183078/videos/301292287045842/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး