ကျွန်တော် အတော်မှားခဲ့တဲ့ သတ်ပုံ

ကွန်မင့် = မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာဖော်ပြထားတာက အမြွှာပူး (ဟထိုးပါတယ်)။

သတ်ပုံစာအုပ်ဟောင်းမှာတော့ ဟထိုးမပါ။ ကျွန်တော်စာတွေရေးနေတာ နှစ်အတော်ကြာလာပြီ။ ရေးကာစမှာ သတ်ပုံရော သဒ္ဒါပါ အတော်မှားခဲ့တယ်။ အမှားတွေ့ရင် ပြန်ပြင်ပါတယ်။ ထောက်ပြပေးသူတွေကို ကျေးဇူးတင်တယ်။ ကျွန်တော်က အကြောင်းအချက်ကို အဓိကအာရုံစိုက်ရလို့လည်း ရေးတာမှားတယ်။ ညအိမ်ခင်ကသန်ကောင်ကျော်မှာရေးခဲ့တာတွေ မနက်လင်းရင်ပြင်ရတယ်။ အိပ်ရာထဲရောက်ရင် သတိရပြီ။ ပြန်မထနိုင်တော့။ ကနေ့မနက် ၃ လုံး။ အဲတာ အိတ်စ်ကျု့ မဖြစ်သင့်ပါ။ ဆောရီး။

မွှေ
မွှေနှောက်သည်

မွှေ့
မွှေ့ယမ်းသည်

မွှေး
မီးမွှေးပါ
မွှေးထုံသော
မွှေးကြိုင်သော
မွှေးပျံ့သော
မွှေးကြူသော
ရေမွှေး

မွှတ်
လည်မွှတ်နေသည်
သခွားသီးမွှတ်

မွှန်
ရည်းစားစိတ်မွှန်နေသည်
အဆိပ်မွှန်နေသည်
ဒေါသမွှန်နေသည်

မွှန်း
ကြိုင်မွှန်းနေသည်
ဓားဖြင့်မွှန်းသည်
ပရိတ်မွှန်းသည်
ပျံ့ မွှန်းနေသည်
မွန်းအောင်မွှန်းသည်
အမွှန်းတင်

မြွှာ
တမြွှာ နှစ်မြွှာ
ဓါးဖြင့်မြွာသည်
လက်ဖြင့်မြွှာသည်
အသီးတမြွာ
အမြွှာပူးကိုယ်ဝန်

မြွှင်း
ဓားဖြင့်မြွှင်းသည်
သားလှီးမြွင်း

မြွေ
မြွေဆိပ်ဖြေဆေး
မြွေပွေး
မြွေဟောက်

မြွက်
မိန့်ခွန်းမြွက်ကြားသည်
အမြွက်မျှပြောသည်
အရိပ်အမြွက်ပြောပါ

မွေး
ကြက်သီးမွေးညှင်း
အမွေးအတောင်
ကျွေးမွေးသည်
မွေးကျွတ်နာ
မွေးချင်းပေါက်ဖော်
မွေးစားသည်
မွေးစုတ်တဘက် (မွေးပွတဘက်)
မွေးညှင်း
မွေးညှပ်
မွေးတုံ့မွေးလှည့်
မွေးဖွါးသည်
မွေးမြူသည်
မွေးရာပါရောဂါ
မွေးသက္ကရာဇ်
မွေးသန္ဓေပါ
မွေးကျေးဇူး
နှုတ်ခမ်းမွေး

မွေ့
သိမ်သိမ်မွေ့မွေ့
သိမ်မွေ့
သိရ်သိရ်မွေ့မွေ့
မွေ့ညက် (နူးညံ့)
မွေ့ရော
မွေ့လျော် (နှစ်သက်)

မွေ
ဆိုးမွေကောင်းမွေ
ထီးမွေနန်းမွေ
ဓါတ်တော်မွေတော်
အမွေစားအမွေခံ
အမွေအနှစ်
အမွေပေးသည်

မြွယ်
မြွယ်တာလ = ဝါဆိုလ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)