သဲကြီးမည်းကြီး ရွာနေသတဲ့

ပြည်တွင်းမှာ။ ဒီမှာလည်း ပူမယ်ကြံကာရှိသေး အေးလာပြန်တယ်။ မနက်က ပက်စ်ကွန်ထရိုး ခေါ် အင်းဆက်ပိုးမွှား နှိမ်နင်းရေး လစဉ်လာလုပ်ပေးသူကပါ အေးတဲ့အကြောင်း ပြောသွားတယ်။ ဒီနိုင်ငံသား။

မြက်ခင်းအပတ်စဉ် လာရိတ်ပေးသူ မိုးခိုနေလေရဲ့။ ဖွဲဖွဲလေးရွာနေတယ်။

ဒေါ်မြမြအေးစိုက်ထားတဲ့အပင်လေးတွေကတော့ ပျော်နေကြလိမ့်မယ်။

ကျွန်တော်ကတော့ ပူပူအေးအေး၊ မေးခွန်းတွေနဲ့သာ နပမ်းလုံးနေရတယ်။ ပူတာတွေလည်းပါ၊ အေးတာတွေလည်းပါ။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး