မြူရွက်

ကနေ့မနက် တွက်ခြေမကိုက်။ အရုပ်သယ်လာလိုက်။ အရုပ်အကြောင်းပြောတော့ ဆုံးမခံရလိုက်။ ဘုန်းကြီးတရားက တယောက်။ စီအိုင်အေတရားလည်း တယောက်။ ဒယ်ရောင်းသူကလည်းလာ။

အဲတာနဲ့ ကွန်ပြူတာထားခဲ့ပြီး အိမ်ပြင်ထွက်လိုက်တယ်။ အပင်ပေါက်လေးတွေ သန်လာကြပြီ။ ခွေးတောက်ပင်လေးတွေ လူလိုသူလိုဖြစ်လာကြပြီ။ အစကတော့ ငရုတ်ပင်နဲ့တူသလိုလို မပြောရင် မသိ။

အပင်စိုက်သူ သူ့သမီးနဲ့ စကားပြောနေလေရဲ့။ ပေါင်းပင်တွေကြားမှာ မြူရွက်ပင်လေးတွေလည်းရှိသတဲ့ ရန်ကုန်ကနေ လှမ်းပြောတယ်။

ပေါင်းပင်တွေကြား စားကောင်းတဲ့အပင်ပါတာ နည်းတဲ့ကုသိုလ်မဟုတ်။ နောက်လာမှာတွေ စားကောင်းတာတွေသာ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး