ဝန်းရံ နှင့် ဝိုင်းရံ

၁။ ဆရာ ဝန်းရံ နဲ့ ဝိုင်းရံ ဘယ်လိုကွာလဲဆရာ။

၂။ ဝန်း နှင့် ဝိုင်း အသုံးကွဲပြားပါသလားခင်ဗျာ။

ဝန်း
ကျယ်ဝန်းသည်
ပတ်ဝန်းကျင်
မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ
မျက်ဝန်းလဲ့ပြာပြာ
ဝန်းကျင်
ဝန်းကျင်တခို
ဝန်းခြုံ
ဝန်းရံ
ဝန်းလည်
ဝန်းဝိုင်း
ဝန်းသိုမြို့
သိုက်သိုက်ဝန်းဝန်း
အဝန်းအဝိုင်း
ညောင်ဝန်းရွာ
နေဝန်း လဝန်း
မြေပြင်တဝန်း

ဝိုင်း
ဝိုင်းကြီးချုပ်
ဝိုင်းဝန်း
ဝိုင်းဝိုင်းလည်
ဝိုင်းအုံ
သိုင်းသိုင်းဝိုင်းဝိုင်း

ဝန်းရံအသုံးက ကူညီရာရောက်တဲ့သဘောမှာသုံးတယ်။ ဝန်းရံခစားသည်လို့ သုံးတယ်။ ဝိုင်းရံကိုတော့ ရန်သူကို ဝိုင်းထားတာမျိုးမှာ သုံးတယ်။ ရောသုံးနေကြတာလည်း တွေ့ပါတယ်။ ယုဒသန်မှာတော့ ဝန်းရံ၍ နှောင့်ရှက်သည်၊ ဝန်းရံ၍ တပ်ချသည်လို့သုံးတယ်။

ခရစ်ယန်ကျမ်းစာမှာ ကျွန်ုပ်နှလုံးသားကိုဝန်းရံလို့ ဘာသာပြန်ထားတယ်။ အဓိပ္ပါယ်တော့ သိပ်နားမလည်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)