Sunday, May 26, 2019

Patent Rights အတတ်ပညာဆိုင်ရာမူပိုင်ခွင့် နှင့် အုန်းနို့ခေါက်ဆွဲ

ပို့စ်တခုတွေ့တယ်။ Ohn-no khao swé (coconut chicken noodles) အုန်းနို့ခေါက်ဆွဲ

သူငယ်ချင်းဆရာဝန်တယောက်က တင်ထားတာ။ ခေါင်းစဉ်ကို ကပြားလို၊ ဗိလပ်လိုနဲ့ ဗမာလိုတင်ထားတယ်။ ပရိသတ် စုံပုံရတယ်။ အဲတာနဲ့ ကွန်မင့်ရေးလိုက်တယ်။ Swe အမည်တလုံးတူတယ်။ ပေးတင့်ရိုက်အရ အခွန်ကောက်ရမယ်။ တပွဲ။

Patent Rights အတတ်ပညာဆိုင်ရာ မူပိုင်ခွင့် ခေါ် ဥပဒေအရ မှတ်ပုံတင်ပိုင်ခွင့်ဆိုတာရှိတယ်။ မြန်မာပြည်မှာက အသုံးနည်းသေးတယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ သိပ်အလေးထားကြတယ်။ အဲတာ သူ့ကိုယ်ပိုင်ပဲ။ အစိုးရကနေ ပေးအပ်ထားတဲ့ သီးခြား ပိုင်ဆိုင်ခွင့်တခုဖြစ်တယ်။ ကာလသတ်မှတ်မှုရှိတယ်။ Intellectual property (IP) အတတ်ပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတခု ဖြစ်တယ်။

IP ဆိုတာ ဥပဒေအရ မိုနိုပိုလီလုပ်ပိုင်ခွင့်ရရှိထားတယ်။ Trademarks ကုန်သွယ်ရေး အမှတ်တံဆိပ်၊ Copyright ကော်ပီခွင့်၊ Patents ပေးတင့်၊ Industrial design rights စက်မှုဒီဇိုင်းအခွင့် စတာတွေ ပါတယ်။ Music တေးဂီတ၊ Literature စာပေ၊ Artistic works အနုပညာအလုပ်များ ပါဝင်တယ်။ Discoveries and inventions ရှာဖွေတွေ့ရှိမှုနှင့် အသစ်တီထွင်မှု၊ Words စကားလုံး၊ Phrases စကားစု၊ Symbols သင်္ကေတနဲ့ Designs ဒီဇိုင်းတွေလည်း အကျုံးဝင်တယ်။

ဆေးတွေလည်း သည်အတိုင်းပဲ။ ဆေးစတင်ဖေါ်စပ်တဲ့ ကုမ္ပဏီက မှတ်ပုံတင်ထားတာကို တခြားကုမ္ပဏီတွေက နာမည်တူနဲ့ ထုတ်မရပါ။ အတုတွေနေရာတကာရှိတယ်။ အတုဆိုတာ သိတဲ့အတိုင်းပဲ။ အရည်အသွေးမမီပါ။ အတုကို အားကိုးရတာ ဆင်းရဲလို့၊ ညံ့လို့။

မြန်မာပြည်မှာ စာရေးဆရာ၊ ကဗျာဆရာတွေနာမည်ကို ယူသုံးတာရှိတယ်။ သူတို့စာတွေ၊ ကဗျာတွေ၊ သီချင်းတွေကိုလည်း အဲလိုပဲ။ အဲတာတွေကို ကျွန်တော်သိသလောက် မှတ်ပုံတင်မထားကြပါ။ ဒါပေမယ့် ပိုင်ရှင်အစစ်က ကန့်ကွက်တာ တရားနည်းလမ်းကျတယ်။

ဆရာတော်ကြီးတွေ၊ စာရေးဆရာ၊ ကဗျာဆရာတွေ၊ ရေးထားခဲ့တာတွေကို ကိုယ့်သဘောနဲ့ကိုယ် သတ်ပုံပြင် ထုတ်ဝေခြင်းဟာ မူပိုင်ခွင့်ကို ချိုးဖေါက်တာဖြစ်တယ်။ ဥပဒေပြုပြီး အရေးယူသင့်တယ်။ ပညာဆိုတာ စီးပွါးရေးထက်ကို သိက္ခာပိုထိန်းရတာဖြစ်တယ်။

မင်းပူး၊ မောင်းထောင်၊ မုံရွေး၊ မန်လည်၊ ကျည်းကန်ရှင်ကြီး၊ လယ်တီဆရာတော်တို့မှာလည်း ဉာဏ်တော်ဆိုင်ရာ မူပိုင်ခွင့် ရှိသင့်ပါတယ်။ အနန္တသူရိယ၊ ရှင်ဥတ္တမကျော်၊ သျှင်မဟာသီလဝံသ၊ နဝဒေး၊ နတ်သျှင်နောင်၊ စလေဦးပုည၊ ဦးကြင်ဥ၊ နန်းမတော်မမြလေး၊ လှိုင်ထိပ်ခေါင်တင်တို့မှာ အသိပညာဆိုင်ရာ မူပိုင်ခွင့်ရှိသင့်တယ်။

အွန်လိုင်းဒေါင်းလုဒ်စာအုပ်တွေ မူပိုင်ခွင့်ချိုးဖေါက်တာ ၉၀% လောက်ရှိတယ်။ သူများလုပ်ထား ရေးထာတာကို ပြင်တာ၊ အတုလုပ်တာနဲ့ ခိုးတာ သိပ်မကွာလှပါ။ မြန်မာစာပေ သူခိုးဘေးက ဝေးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...