Hypospadias ဆီးပေါက်နေရာလွဲရောဂါ

(ကန်တော့)

ဆရာရှင့် ကျမသား အတွက်မေးချင်လို့ပါ ကျမသားက အသက် ၉နှစ် လွန်ခဲ့တဲ့ ၃လလောက်က ကျမသားရဲ့ လိင်အဂါင်္ကို ခွဲစိတ်ထားပါတယ်ရှင့် ဆရာဝန်က ၃ကြိမ်ခွဲစိတ်ရမယ် ပြောပါတယ် အခုအကြိမ်က ဒုတိယအကြိမ်ပါရှင့် ကျမမေးချင်တဲ့ မေးခွန်းက အခုအကြိမ်ခွဲစိတ်ပြီး ဆီးထွက်ကြပါတယ် ကလေးက ဆော့တဲ့အချိန်မှာ သူ့အလိုလို ဆီးထွက်ပါတယ်တဲ့ အတွင်းခံဘောင်းဘီကို လဲပေးရပါတယ် ဆီးနံ့ထွက်လို့ပါရှင့် နောက်လထဲ ဆရာဝန်နဲ့ appointment ရှိပါတယ် ဒီနိုင်ငံမှာ လူနာရှင်က ခွဲစိတ်မူ့ကို စိတ်မကျေနပ်လို့ရှိရင် ဘာလုပ်ခွင့်ရှိပါသလဲရှင့် နောက်ပြီး ဆရာဝန်ပြောသမျှကို ယုံလို့ရပါသလားရှင့် ကျမ နားမလည်လို့ပါ ကလေးအတွက်လဲ အရမ်းစိတ်ပူလို့ပါ ကလေးက နာတာ ကျင်တာတော့ မရှိပါဘူး ဆော့နိုင်တယ် စားနိုင်တယ် ပုံမှန် အခြေအနေပါဘဲ ရှင့် ကျေးဇူးတင်ပါတယ် ဆရာ

ဆောရီး။ ဘာကြောင့်ခွဲရတာလဲ။ ရောဂါအမည် ဆေးစာလုံပေါင်းနဲ့ သိပါသလား။ ဘယ်တိုင်းပြည်မှာလဲ။

ရောဂါကြောင့်မဟုပ်ပါ ဆရာ မွေးရာပါ လိင်ကပ်ခြင်းပါ hypospadias လို ခေါ်ပါတယ့့် မှာပါဆရာ

အဲတာလည်း ရောဂါပါပဲ။ ခက်တယ်။ စကင်းဂရပ်လုပ်ရတတ်တယ်။ အပေါက်နေရာ ရွေ့ရတယ်။ မွေးရာပါအပေါက်က အဖျားနဲ့ ဝေးလေ ခက်လေ။ ဥပဒေတော့ သိပ်မသိ။ ဒီမှာက သိတဲ့အတိုင်း ဘာမှမလုပ်ခင် လက်မှတ်ထိုးပေးရပြီးသား။

ဆရာ နယူးဒေလီမှာ တခါခွဲပေးခဲ့ဖူးတယ်။ မရှိ ရှိတာနဲ့ လုပ်ရတာ။

ဟုပ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်

ဟုတ်လို့ ရေးသင့်

မနှစ်ကလည်း တယောက်က မေးတယ်။ Hypospadias ခေါ် ယောက်ျားလေးဆီးထွက်ပေါက်နေရာ လွဲနေတာ။ မွေးရာပါရောဂါ။ အဲဒီရောဂါအကြောင်းမေးတယ်။ မြန်မာလိုရေးထားတာမရှိသေးပါ၊ ခွဲစိတ်ပြုပြင်ရမယ်လို့ ဖြေလိုက်တယ်။ မေးတဲ့သူက မြန်မာပြည်မှာ လုပ်လို့ရလားတဲ့။ ဆီးလမ်းအထူးကုဆရာဝန်က လုပ်ပေးနိုင်ပါမယ်လို့ ထပ်ဖြေလိုက်ပါတယ်။

ပန်းအဖျားကနေသာ ဆီးထွက်ရတယ်။ အဲလိုကလေးပန်းအဖျားမှာ အပေါက်မရှိဘဲ၊ ပန်းအဖျား အောက်-အထက် နားကနေ ဆီးထွက်တယ်။ အနုစိတ်ခွဲရတယ်။

ကျွန်တော် နယူးဒေလီမှာနေခဲ့စဉ်က အပြင်ဆေးခန်းတခုမှာ အွန်ကောလ် ခွဲစိတ်ဆရာဝန်လုပ်ခဲ့ဖူးတယ်။ အွန်ကောလ် ဆိုတာ လူနာလာရင် လှမ်းခေါ်တာ။ ဗိုက်ခွဲမွေးလူနာသာများတယ်။ တရက်မှာ အဲလိုလူနာအတွက်ခေါ်တယ်။ လူနာက လူရွယ်ဖြစ်နေပါပြီ။

ဆေးခန်းကလည်း အသစ်။ ခွဲစိတ်ခန်းကလည်း ထူထောင်ကာစ။ ဆေးခန်းပိုင်ဆရာဝန်က ရိုးရိုးဆရာဝန်။ ကျွန်တော်လည်း အင်ဘီဘီအက်စ်သာအောင်တဲ့သူ။ ကျွန်တော့်အကျင့်က မဖြစ်မနေလုပ်ချင်တယ်။ ရှိတဲ့ပစ္စည်းနဲ့ ရအောင်ကြိုးစားတယ်။ အတော်လက်ဝင်တဲ့ ခွဲစိတ်ကုသနည်းဖြစ်ပါတယ်။ ကရိယာသေးသေးလေးတွေ၊ ချုပ်ကြိုးမျှင်မျှင်လေးတွေလိုတယ်။

ပန်းအောက်နားက အရေပြားကို အသစ်လုပ်မဲ့ ဆီးသွားလမ်းအတွင်းဖုံးလွှာဖြစ်အောင် ကြံရဖန်ရတယ်။ နည်းသိဖို့လိုတယ်။ လက်ငြိမ်ရတယ်။ ပြီးရင် အနာမကျက်ခင်အထိ ဆီးပိုက်ထည့်ထားရတယ်။

မွေးရာပါရောဂါဟာ ယောက်ျားလေး ၂ဝဝ မှာ ၁ ယောက်ဖြစ်နိုင်တယ်။ ၁၅% မှာ ပန်းတံလေးပါကောက်နေတယ်။ Chordee လို့ခေါ်တယ်။ ဆီးထွက်ပေါက်က ပန်းအဖျားနဲ့ဘယ်လောက်ဝေးသလဲ မတူကြပါ။

ဆီးလမ်းပုံမတင်ရဲတော့ပါ။ ကလေးပုံဖြစ်ဖြစ် ဆီးလမ်းလိင်လမ်းပုံဖြစ်လို့ ဖေ့စ်ဘွတ်က ဘလော့တယ်။ ၃ ခါရှိပြီ ခံရတာ။

လူနာကလေးတွေ နေကောင်းကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂၀၁၈
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး