GM fungus rapidly kills 99% of malaria mosquitoe ငှက်ဖျားပိုးကို မှိုပိုးကသေစေနိုင်

ငှက်ဖျားဖြစ်စေတဲ့ ပါရာဆိုက်ကောင်ကို ဖန်းဂတ်စ်တမျိုးက ၉၉% သေစေနိုင်တယ်လို့ ကနေ့ထွက်တဲ့ ဆေးသုတေသန သတင်းတခုက ဆိုပါတယ်။

ဖန်းဂတ်ပိုးကို မျိုးဗီဇပြုပြင်ပေးတဲ့အခါ ပင့်ကူအဆိပ်လိုဟာ ထုတ်ပေးတယ်။ ငှက်ဖျားခြင်တွေ ၄၅ ရက်အကြာမှာ ၉၀% သေကြတယ်။

စမ်းသပ်လေ့လာမှုကို အာဖရိကတိုက် ဘာကီနာဖါဆိုမှာ လုပ်နေပါတယ်။ ယူအက်စ်က မေရီလင်းတက္ကသိုလ်နဲ့ ဒေသခံ IRSS သုတေသနအဖွဲ့တို့ ပူးတွဲလုပ်ဆောင်နေကြတယ်။

အဲဒီဖန်းဂတ်စ်ပိုးကို Metarhizium pingshaense လို့ခေါ်တယ်။ ငှက်ဖျားဖြစ်စေတဲ့ Anopheles mosquitoes ခြင်ကိုသေစေတယ်။

ငှက်ဖျားကြောင့် နှစ်စဉ်လူပေါင်း ၄ သိန်းသေဆုံးနေရတယ်။ လူနာပေါင်း ၂၁၉ သန်းရှိတယ်။ မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှဒေသမှာ ဆေးယဉ်ငှက်ဖျားကူးစက်နေပါတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး