ပညာပေးခံရခြင်းများ

အရုပ်တွေအကြောင်း ပြန်တင်တော့ ကွန်မင့်တခုရတယ်။

ကလေးတွေဖုန်းကိုယူဆော့မိရင်လည်းဖြစ်တက်ပါတယ်ဆရာ။တခါတလေ ဖြည့်တွေးပေးရတာတွေရှိပါတယ်။

ဆုံးမတာ ကျေးဇူး။ အဲလိုဟာတွေ အကြိမ်ရာပေါင်းများစွာရလို့ သိတယ်။
တချို့က ကလေးဆော့၊ တချို့က တမင်တကာပိုကြတာယ်။
တချို့က ကလေးဆိုပြီး တောင်းပန်ကြတယ်။ တချို့က ဘာမှ ပြန်မပြော။
တချို့က ထပ်လုပ်ကြတယ်။ ပို့စ်တင်တော့ နည်းတော့လာတယ်။

စာရေးတင်တဲ့ အကျိုးတွေထဲက တခုကတော့ ပညာပေးခံရခြင်း ဖြစ်ပါတယ်။

ဆေးတွေအကြောင်း သေချာရေးရင် ရမ်းကုအားပေးလို့ အပြောခံရတယ်။
ဆေးခြောက်စာတပုဒ်တင်စဉ်က လူတရာကျော်က ဆဲရေးကြတယ်။
မြန်မာစာအကြောင်းရေးလို့ ပြင်လာသူများများနဲ့ ဘလော့ရသူ နည်းနည်းရှိတယ်။
သည်းခံပါ ခွင့်လွှတ်လိုက်ပါ နားလည်မှုပေးလိုက်ပါတွေကတော့ ခဏခဏလာပါတယ်။
ဒီလောက်လေးမှာ ဖြည့်မတွေးဘူးလားလို့ အငေါက်ခံရတာမျိုးလည်း ရှိတာပဲ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

CIA စီအိုင်အေ တဲ့

ပို့စ်အဟောင်းတခုမှာ ကွန်မင့်အသစ်တခုလာလို့ နိုတီဖီကေးရှင်း တက်လာတယ်။ ပို့စ်အဟောင်းက သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမားနဲ့ ၉ဝ အမတ် (သို့) ဒေါက်တာတင့်ဆွေ။

ကွန်မင့်က U Myo Wai CIA ကြီးလား တဲ့။

ကွန်မင့်ပေးသူအကောင့်ကို ဖွင့်ကြည့်တယ်။ ဘုရားပုံနဲ့ အဖေါ်အချွတ်များတဲ့ မော်ဒယ်ပုံ ၂ ခုသာတွေ့ရတယ်။

ဘလော့လိုက်တယ်။ နိုး ဆောရီး။

CIA စီအိုင်အေ တဲ့ https://doctortintswe.blogspot.com/2019/04/cia.html

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး