လမ်း

မဂ်လမ်းသို့သာ ခေါင်းစဉ်နဲ့ရေးတာတခု တွေ့တယ်။ ဘာဝနာလမ်း မဂ်စခန်းသို့ တက်လှမ်းအသိ နောက်မကြည့်ဘူး၊ ကြောက်သည့်စိတ်များ ဖယ်ကာရှားပြီး တဲ့။

ရေးတဲ့သူရဲ့လိုက်ခဲ့ပြီမောင် တွေ့တော့ ကျွန်တော်လည်း လိုက်ရေးတယ်။ မဂ်လမ်းကိုတော့ မလိုက်နိုင်သေး။

လမ်းမှန်ရှစ်သွယ် ငယ်ကတည်းက ဖတ်ဖူးတယ်။ ညတုန်းကလည်း ဖွင့်နာတဲ့တရား ကြားတယ်။ အဖေ့က အိမ်ခါးပန်း သစ်သားတန်းမှာ မြေဖြူနဲ့ ရေးထားတယ်။

ကျွန်ုပ်သည်ကား ထိုင်လျက်သွားနေ၊ အတိတ်နိုင်ငံတွေနဲ့ မရောက်သေးတဲ့ ကျေးရွာတွေ။ သွားခဲ့တဲ့လမ်း ကြမ်း၊ သွားချင်တဲ့လမ်း မြူမှုန် မသမ်း၊ သမ္မာအာဇီဝလောက်တော့ မှန်း။

စာဖတ်ရသူတွေ ဘေးမသမ်းပဲ အေးအေးချမ်းချမ်း တေးအဆန်းကိုဆို။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)