စာတတ်မြောက်ရေး

အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုပို့စ်တွေ တွေ့ပါတယ်။ ဘာလည်းတော့ သေချာ မသိပါ။ ကောင်းမယ်။ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်ခေတ်တုန်းကတော့ စာမတတ်သူပပျောက်ရေး အသုံးလုံးစီမံချက်လုပ်ခဲ့ပါတယ်။ ၁၉၆၄-၁၉၈၄ အထိ လုပ်အားပေး ၅သိန်းကျော်နဲ့လို့ မှတ်တမ်းတခုက ဆိုပါတယ်။

ကျွန်တော် အဲသည်တုန်းက လုပ်အားပေးဆရာ မလုပ်ခဲ့ရပါ။ ဆယ်တန်းဖြေပြီး ကောလိပ်ဆက်မသွားခင် အတော်ကြာလို့ လုပ်အားပေးကျောင်းဆရာတော့ လုပ်ခဲ့တယ်။ ကိုယ်ဆယ်တန်းအောင်ခဲ့တဲ့ မုံရွာမြို့ အထက (၂) မှာပဲ စာသင်ရပါတယ်။ အသုံးလုံးအောင်ပွဲတခုကို ဘုတလင်မြို့နယ် ညောင်ကန်မှာလုပ်တော့ (ဦး) သိန်းဖေမြင့်လာပြီး ဟောပြောတာကို နားထောင်ဖူးတယ်။

ခုခေတ်မှာ တမျိုးလုပ်စရာ လိုနေတယ်ထင်တယ်။ အခြေခံ မဟုတ်ပါ။ ပါမောက္ခတွေ၊ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ ဆရာ-ဆရာမတွေ၊ စာရေးဆရာတွေနဲ့ ကဗျာဆရာတွေ။ တ တလုံးသင်တန်း လိုနေတယ်။

ဆေးအခမဲ့ပေးရင် ဆေးစစ်တာသာ ပေးသင့်တယ်။ မှန်တဲ့ပညာသင်ပေးတာသာ ကောင်းတယ်။ ဝန်ကြီးတွေကို ရှေ့ဆုံးတန်းမှာ နေရာပေးစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး