ကြာနီတပွင့် ဖြူတပွင့်

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနာတင့်။

ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲက ကဗျာဖြစ်ပါတယ်။

သတ်ပုံပြင်ရေးပြီးထုတ်တဲ့စာတွေမှာ ကြာနီတစ်ပွင့် ဖြူတစ်ပွင့်လို့ရေးတာ မှားနေတယ်။ ကြာဆစ်ကြိုးကဗျာ မှားနေတာကို တင်ပြထားပါသေးတယ်။

ဒေါက်တာတင့်ဆွေ

တူတူရေဝါး

တူတူရေဝါးဝါး၊ လူကလေးနဲ့ မေကစား။
အမေ့သားလေး ပုန်းစရာ၊ လက်ဝါးလေးနဲ့ကာ။
လက်ဝါးကာ အပေါက်သေး၊ ချောင်းလို့ကြည့်တယ်လေး။
မိုးတိမ်မြှေးတဲ့ ငွေသော်တာ၊ မေ့သားတူလှပါ။
အမေ့မှာတော့ ကမ္ဘာလား၊ တူရေ တဝါးဝါး။

မှတ်ချက် - တူရေ တစ်ဝါးဝါး မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး