Beads Machine ပုတီးစိပ်တဲ့စက်
မြန်မာနှစ်သစ်ကူး အကြိုဆုတောင်းတွေလာနေပြီ။ ခရစ်မတ်ဆုတောင်း၊ နယူးယီးယားဆုတောင်း၊ ဟိုဆုတောင်း သည်ဆုတောင်းတွေ လာတယ်။ သူများရေးထာတာကို ဟိုပို့သည်ပို့ ပို့ကြတယ်။ ထပ်ချည်းတလည်းရနေတယ်။
ကျွန်တော်သားအကြီးဆုံး ဝဏ္ဏတင့်ဆွေ (ကွယ်လွန်) က ရီစရာမောစရာ အတော်ပြောတတ်တယ်။ ကျွန်တော်တို့အဒေါ် (ကွယ်လွန်) က ပုလဲအိမ်မှာ လာနေစဉ်က သူ့ဖွါးလေးကို စတယ်။ ဒေါ်လေးက စိပ်ပုတီးကို လက်ကချတာမဟုတ်။
မောင်ဝဏ္ဏက ဖွါးလေး ပုတီးစိပ်တဲ့စက် ဂျပန်မှာပေါ်နေပြီ။ လက်ကနေစိပ်နေစရာ မလိုဘူး။ အပတ်ရေ တထောင် ချိန်ထားလိုက်ရင် တထောင်စိပ်ပေးတယ်တဲ့။
အဲလိုဆုတောင်းစာတထောင် လာမလားမပြောတတ်။ တချို့ဆုတောင်းစာတွေက သတ်ပုံကမမှန်။ ဘက်ထရီ အားနည်းလို့ထင်တယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၇
၁ဝ-၄-၂ဝ၁၈

Comments
Post a Comment