More than half your body is not human
လူတွေရဲ့ကိုယ်ခန္ဓာ တဝက်လောက်ဟာ မနုဿမဟုတ်ပါ
လူသားဆဲလ်အစစ်ဟာ ၄၃% သာပါတယ်လို့ နာရီပိုင်းကထွက်တဲ့ ဆေးသုတေသနသတင်းကဆိုပါတယ်။ ကျန်တာတွေဟာ အလွန်သေးငယ်လှတဲ့ ကိုလိုနီတွေသာဖြစ်တယ်။
Microbiome ခေါ်ဆေးပညာကနေအသစ်တွေရှိချက်အရ အလာဂျီကနေ ပါကင်ဆန်ရောဂါစတဲ့ ဝေဒနာတွေအကြောင်း ပိုသိလာနိုင်ပါတယ်။ တကိုယ်ရေသန့်ရှင်းရေးကို ဘယ်လောက်ပဲ စနစ်ကျလုပ်လုပ် လူမဆန်တာတွေကပါနေမယ်။ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖန်းဂတ်စ်တွေကိုပြောတာ။ အူတွေထဲမှာ အများဆုံးနေကြတယ်။
လူတွေမှာ Human genome ခေါ် လူသားမျိုဗီဇပေါင်း နှစ်သောင်းရှိပါတယ်။ အကောင်သေးလေးတွေရဲ့ Microbial genes က သန်း ၂ဝ ရှိတယ်။ လူတယောက်ကို DNA စစ်တာတခုတည်းသာမက အူထဲကအဲတာတွေကိုပါထည့်ပြောမှ မှန်ကန်တိကျပါမယ်။
ပုံမှန်ရှိသင့်တဲ့ အဲလိုအကောင်သေးသေးမွှားမွှားလေးတွေက လူကို အကျိုးပြုနေကြတယ်။ အစာချေတာ၊ ခုခံအားစနစ်နဲ့ ဗီတာမင်တွေထုတ်ပေးနေတယ်။
လွန်ခဲ့တဲ့နှစ် ၅ဝ လောက်အတွင်း ကာကွယ်ဆေးတွေ၊ ပဋိဇီဝဆေးတွေကနေ ရောဂါဆိုးအတော်များများကို နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အလာဂျီလိုရောဂါတွေနဲ့ အော်တိုအင်မြူ ခေါ် ခုခံအားကမောက်ကမဖြစ်တာတွေကို မနိုင်သေးပါ။ တွေ့ရှိချက်အသစ်ကိုသုံးပြီး ကြိုးစားရပါမယ်။
Inflammatory bowel disease အူရောင်ရောဂါ၊ Parkinson's ပါကင်ဆန်ရောဂါ၊ Depression စိတ်ကျရောဂါနဲ့ Autism အော်တဇင်ရောဂါတွေကိုဆိုလိုတယ်။ ကင်ဆာဆေးတွေလည်းပါမယ်။ လူအဝလွန်တာလည်းပါနိုင်။ အစားအသောက်တွေအပြင် အူထဲကပိုးတွေနဲ့လည်းဆိုင်နိုင်သေးတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၈

Comments
Post a Comment