No Wishes ဆုတွေ မလိုချင်ပါ
နေ့တိုင်း နေ့တိုင်းတင်နေရတာ သူများတွေကိုတော့ အားနာတယ်။ မသိတဲ့သူတွေနဲ့ အားမနာတတ်သူတွေကတော့ ပို့ပို့နေလို့။
ရေလောင်းလိုက်ပီနော်တဲ့။ ဘေးနားမှာရှိတယ် forword လေးကို နှိပ်ပြီး ချစ်သူငယ်ချင်းတွေဝေမျှပါနော် ကျေးဇူးပါတဲ့။ အဲတာက အခုလာတာ။ အခုပဲ နောက်တယောက်က ကွန်မင့်မှာ ဘုရားပုံတင်လာတယ်။ သူ့မက်ဆေ့ခ်ျကနေ ပြန်ရေးမလိုဖွင့်တော့ အရင်လည်း ၂ ခါပြောထားပြီးသား။ ကွန်မင့်မှာ ပုံတွေအတင်ဘို့ အကြိမ်ပေါင်းများစွာပြောထားတယ်။ ဖျက်ပါမယ်။ ဆောရီး။ တတိယအကြိမ်ဖြစ်ပါတယ်။
မနေ့က ဖွင့်ပီးနားထောင်ဖြစ်အောင် နားထောင်နော် တကယ်ကောင်းလို့ ပို့ပေးတာပါတဲ့။ တမြန်နေ့ကတော့ တနာရီအတွင်းမှာ လူ၂ ယောက်ဆီကနေ ဘုရားပုံ ၃ ခုပို့လာတယ်။ သူတို့ဆီကို သည်လိုပြန်ရေးလိုက်ရတယ်။ ကွန်မင့်မှာ ပုံတွေမတင်ဘို့နဲ့ မက်ဆေ့ခ်ျကနေ မပို့ဖို့ အကြိမ်ပေါင်းများစွာပြောထားတယ်။ ဖျက်ပါမယ်။ ဆောရီး။
သင်္ကြန်စာတွေ၊ ခရစ္စမတ်စာတွေ၊ သီတင်းကျွတ်စာတွေ၊ မြန်မာနှစ်သစ်ကူးစာတွေ၊ ခရစ်သက္ကရာဇ်နှစ်သစ်ကူးစာတွေ၊ သတင်းတွေ၊ ခြိမ်းခြောက်စာတွေ၊ ဟက်ကာဆိုတာတွေ၊ ရွှေပေလွှာတွေ မပို့ပါနဲ့။ ဘယ်ဘာသာရေးနဲ့ဖြစ်ဖြစ်လည်း မပို့ပါနဲ့။
သင်္ကြန်အတွက်ဆိုရင် ဆရာဝန်ကို ဥပုသ်လည်လို ကိုယ်ဝန်ဆောင်လို သဘောထားပေးကြပါ။ ဘေးမဲ့လွှတ်သလို ပြောချင်လည်း ရတယ်။
အဲလိုဟာတွေ မေးခွန်းမှတ်လို့ဖတ်နေရတော့ နေမကောင်းသူတွေကို ဖြေဘို့ အချိန်နည်းစေလို့ ဖြစ်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment