ဘဝတပါး

ကဗျာဆရာတဦး ကွယ်လွန်တဲ့သတင်း ဖတ်ရတယ်။ ဆောရီး။ တချို့က ဘဝတစ်ပါးသို့လို့ ရေးတယ်။ ကျွန်တော့် ပညာသင်သက်နဲ့ စာဖတ်သက်တလျှောက်လုံးမှာ အဲလိုမရေးပါ။ ဘဝတပါးလို့သာ ရေးတယ်။

င တပါးပုံဝတ္ထုကို လူထုပညာရေးကောင်စီ၊ တန်းမြင့်ကျောင်းအုပ်ကြီး ဦးတိုးမြိုင်ကရေးသားပြီး ၁၃၁၅ ခုနှစ် (၁၉၅၃) မှာ ထုတ်ဝေပါတယ်။ ရှေးအခါက သရေခေတ္တရာနေပြည်တော်တွင် မထင်ရှားသော သူဆင်းရဲတယောက်ရှိ၏။ ထိုသူဆင်းရဲသည် အရွယ်ရောက်လေလျှင် မိမိ၏ တယောက်တည်းသောသားငယ်ကို ဆရာရသေ့ထံအပ်၍ ပညာသင်ကြားစေလေသည်။ သူငယ်သည် ဆရာကိုရိုသေသည်နှင့် ကြက်ဖကိုဖမ်း၍့

တပါး = တထူး = တခြားသော

မြန်မာစာ ဘဝတပါး မရောက်ပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး