မမကိုယ်တိုင်က

(အတာသဘင်ဒီပွဲ မြူးမြူးကြွကြွ စည်တိုသံ ညံမစဲ နှစ်ဦးတန်ခူးလ လောကကြီးမှာ ပျော်တယ်ဗျ အတာပွဲမှာ ဆုံတွေ့ကြ မိုးကောင်းကင်မှာ ကြယ်နဲ့လ ကမ္ဘာမြေတခွင်မှာ မောင်နဲ့ နှမ နေနဲ့လ ရွှေနဲ့မြ ပြောမကုန် ရှုမဝ ချောချောမောမော လှလှပပ ကက မမကိုယ်တိုင်က) ၂

(အတာပွဲမှာ ဆုံတွေ့ရ မေ့မရနိုင်ဘူးဗျ ဒီလိုချိန်မှာ တွေ့ကြရ မုန်းပါဘူးတဲ့ဗျ) ၂

(ထူးထူးပပ မြူးမြူးကြွကြွ တေးသံလှလှ) ၂

ကချင်တိုင်းက ကလေးတွေ ပွဲမထုတ်ရ ကက မမကိုယ်တိုင်က။

မမကိုယ်တိုင်ကသီချင်းကို ကိုအုန်းမင်း (ရွှေစွန်ညို၊ မုံရွာ) ကရေးစပ်ပြီး၊ ၂၅-၇-၁၉၈၇ နေ့က မုံရွာပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါသည်လို့ မုံရွာဂေဇက်မှာ ရေးထားပါတယ်။ ကျေးဇူး။ စည်တိုသံညံမဆဲကိုတော့ ပြင်လိုက်တယ်။ ဆဲဆိုတာ ဆဲရေးတာ။ စာသားကိုလည်း ယူကျုကသီချင်းနဲ့တိုက်ပြီး ပြင်လိုက်ပါတယ်။

စဲ
ပရိတ်သတ်စဲပြီ
မိုးစဲပြီ
ရန်စဲပြီ
ဝင်လာမစဲ

ဆဲ
ဆဲဆိုသည်
ဆဲရေးသည်
ရှင်သန်ဆဲ
လာနေဆဲ

https://www.youtube.com/watch?v=yrEQr_AkPJ0

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး