ဝဏ္ဏပဘာ

စာလုံးအဆင့်တွေအကြောင်းရေးရင်းနဲ့ စုဆောင်းတဲ့အခါ ဝဏ္ဏစာလုံးလည်းပါတယ်။ ဝဏ္ဏပဘာကို ဆက်ဆိုမိတယ်။

ဝဏ္ဏပဘာ၊ ကလျာဖူးသစ်၊ ပျိုမျစ်မျစ်လျှင်၊
ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊
ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်မြို့ကို၊
နတ်တို့ဆင်ထိုက်တန်၊ ဆင်းစုံကြန်တည့်၊
အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊
လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊
ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထဘီနှင့်၊
မှန်စီရွှေနားဋောင်း၊ နွဲ့နွဲ့နှောင်းမူ၊
ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊
လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊
မျက်တောင်ကော့ညွှတ်သေး၊ စုတ်ဖြင့်ရေးသို့၊
ကြိုင်အေးကတိုးရည်၊ ထုံမျိုးချည်၍၊ နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့၊
ရှုသာတင့်စနိုး၊ လှခေါင်မိုး၍၊ ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့၊
ဖြူစင်ရွှေရောင်ဝင်း၊ လှမှန်ကင်းကို၊
ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့။

ပုံတွဲတင်စရာ အချိန်ယူရှာပေမယ့် အင်းဝခေတ်စာဆို သျှင်မဟာရဋ္ဌသာရ စာဖွဲ့သလောက်မြောက်တာ မတွေ့ပါ။ ဥမ္မာဒန္တီပျို့ကို ပေါ်လစီသတ်ပုံနဲ့ပြင်ရေးတော့ ရုပ်ဆိုးသွားတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး