တခုသောသင်္ကြန်ခါ

လာလာလေ လိုက်ခဲ့တော့
တို့စရိုက် တို့ဘာသာ
နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ 
ကစားကာ ရေကြည်ကြည်နဲ့ 
ပီပေသည် မြန်မာမျိုးကိုလ
တိုးဆင့်၍ ချစ်ခဲ့တာ ။

့ လာဟေ့လာဟေ့
ဘုရားကုန်းက၊ တအုန်းအုန်းနဲ့၊ တရုံးရုံးလာကြ
ဘယ့်နှာပါလိမ့်
ထိန့်လိုက်တဲ့ အိုးစည်၊ နှဲကလဲ ပီသနဲ့ 
သီသူက သီကြ၊ ကသူက ကလာ
နွားကြီးလဲ ပါသဟေ့
ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသားဝင်လိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း။

ဝဋ်မကင်းသူကိုဖြင့်
လွှတ်ခြင်းမှာ ဝါသနာပါတဲ့
ရွှေမြန်မာ သည်လူမျိုးမှာလ
အကျိုး သည်လိုတူလိုက်ပါ့
ရွှေမဉ္ဖူ နှုတ်ချိုခွန်းရယ်နဲ့ 
သွန်းလိုက်မိပါ။

့ နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ
ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲ
ပျော်ပွဲက တဝင့်ဝင့်၊ ကဲလို့သာ ဆင့်ရော့
အရွယ်သင့် အရွယ်ငယ်
မြန်မာတွေ ထယ်လိုက်ကြ့

ဘယ်မြေဟာ စေတီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့
စိတ်ဇော မြန်ဗမာမှာဖြင့်
သံသရာ ဂရုထားသူမို့ 
ပါးလိုက်ကြ ပျော်ပျော်သာ
အခါက နှစ်ဆန်း။

့ လကလဲရွှင်လန်း
ရွက်ဟောင်းကျကြွေ၊ ရွက်သစ်ကယ်ဝေ
လေပြေ ဖျန်းပြန်တော့
လွမ်းစရာပေါ့

ဥသြငယ် သာ
ပင်မြင့်မှာ သံဝါဝါနဲ့ 
သင်္ကြန်ခါ သူကညှင်းလေတော့
မလေးမောင် သည်ရင်တွင်းဆီသို့ 
သီချင်း သူဝင်လာ၍
ဖြူစင်စွာ ဂူဆင်၍သာပါ့
အောင်းမွေ့ရွှင်လန်း။

ဒီကဗျာကို ဆရာဇော်ဂျီက ၁၉၃၃ မှာရေးဖွဲ့ခဲ့ပါတယ်။ တစ်ခုသောသင်္ကြန်ခါ မဟုတ်ပါ။ ဘုရားကုန်းက၊ တစ်အုန်းအုန်းနဲ့၊ တစ်ရုံးရုံးလာကြ မဟုတ်ပါ။ တစ်လျှမ်းလျှမ်း ရွှေအဆင် မဟုတ်ပါ။ ဒါနက တစ်ဝေဝေ၊ ရေတွေက တစ်ရွှဲရွှဲ မဟုတ်ပါ။ ပျော်ပွဲက တစ်ဝင့်ဝင့် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး