တပင်တိုင်အက

ကျွန်တော်တို့သမီးကို ၁၇-၄-၁၉၇၆ နေ့က မြို့သာမှာ မွေးပါတယ်။ မိဘတွေမှာ သုခုမဗီဇမပါကြပါ။ သမီးကတော့ အကဝါသနာပါတယ်။

ကျွန်တော်ငယ်ကတည်းက တပင်တိုင်အကကိုကြည့်ရတယ်။ တပင်တိုင်မုံ့ဟင်ခါးလည်းစားရတယ်။ တပင်တိုင်မြနန်း၊ တပင်တိုင်မင်းသမီးပါတဲ့စာတွေလည်း ဖတ်ခဲ့တယ်။

တစ်ပင်တိုင်လို့ရေးခိုင်းထားတဲ့ခေတ်မှာတော့ သမီးလည်းမကဖြစ်တော့ပါ။ ၁၉-၆-၁၉၉၉ နေ့က ဒေလီမှာကျင်းပတဲ့ ဒေါ်စုမွေးနေ့မှာတော့ တပင်တိုင်အက ကခဲ့ပါတယ်။

မြန်မာပြည်ရောက်ရင် တစ်ပင်တိုင်လို့ရေးထားတဲ့ မုံ့ဟင်းခါးကို ဝယ်မစားပါ။ အဲလိုရေးထားတဲ့စာအုပ်တွေလည်း ဖတ်မှာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၆
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး