Slaves ဝေါဟာရနိုင်ငံရေး

တယုတ် ဆိုပြီး သတ်ပုံ အသစ်နဲ့ ရေးရင် ပိုကောင်းမယ် ထင်တယ်။😁

စာထဲမှာ ပါရှိ။ စာလုံးတွေ ဝေါဟာရတွေကို နိုင်ငံရေးလုပ်တာ ဘာမှ အကျိုးမများပါ။

တို့ဗမာအစည်းအရုံးက လွတ်လပ်ရေးအတွက် အားဖြစ်ခဲ့တယ်။ အဲတာကို ဒို့မြန်မာလုပ်နေကြတယ်။

အမျိုးချစ်တယ်ဆိုင်းဘုတ်ကိုင်တာ ဘာဖြစ်လာသလဲ။

ပြည်သူ့ဆိုတဲ့ နာမဝိသေသနတပ်တော့ ဘယ်ပြည်သူပြည်သားမှ မကောင်းစားခဲ့ပါ။ ဦးကြီးလို့ ကင်ပွန်းတပ်ခံရသူတွေ ဂျုံမသွင်းနိုင်လို့ အဖမ်းခံရတယ်။ ကျွန်တော့်အမျိုးတွေလည်းပါတယ်။

ဗမာနဲ့ မြန်မာ ဘာထူးလို့လဲ။

မြန်မာ မြန်မာ မြန်မာလုပ်လို့ ဘာတိုးတက်လာသလဲ။ နာမ်နဲ့ နာမဝိသေန ရောထွေးနေတယ်။ ကျွန်တော့်အမြင်မှာ ကံ ခေါ် အပြုခံရသူ။ ကျွန်။ ကန်တော့ပါ။ ဆောရီး။

ကျွန်မုန်းလို့ ကျွန်တော်မသုံးတာနဲ့ သခင်ဖြစ်မသွားပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)