Uterus Question သားအိမ်မေးခွန်း
မင်္ဂလာပါ ဆရာ အသက်က ၃၅ ပါ သွေးဆင်းတာများလို့ OG နဲ့ပြတာ Exluton ကိုသောက်ခိုင်းပါတယ်။ အိမ်ထောင်ကျတာ ၁နှစ်ရှိပါပြီ သားအိမ်ပွတယ်လို့ပြောပါတယ် ဆရာ သားသမီးရချင်ပါတယ် ဆရာ ဘာအားဆေးကို သုံးရမလဲရှင့် ဆရာ ကျန်းမာချမ်းသားပါစေလို့ မေတ္တာပေးပို့ပေးပါရစေရှင့် ကျေးဇူးတင်ပါတယ်
သားအိမ် အာလ်ထွာဆောင်းအဖြေစာ (ပုံ မဟုတ်) သိပါသလား။
OG ကအာလ်ထွားဆောင်းရိုက်ကြည့်ပီး သားအိမ်ပွနေတာဆိုပီး တခါတည်းအဲ့ဆေးသောက်ခိုင်းပါတယ် ဆရာ
ဆရာက အဲလိုပြောတာနဲ့ အတိအကျမသိနိုင်။
သားအိမ်ပွရင် ခလေးရနိုင်ပါ့မလား ဆရာ ပြန်လည်ဖြေပေးတဲ့အတွက် ဆရာကိုကျေးဇူးတင်ပါတယ်
ထပ်ဖြေရန် မရှိ။ သားအိမ်ပွဆိုတာ အရပ်စကားလား။ ဆေးစစ်ချက်အဖြေလား ဆရာက မသိ။
သားအိမ်ပုံမှန်မဟုတ်တာတွေက အမျိုးမျိုးရှိတယ်။ အာလ်ထွာဆောင်းအဖြေစာ (ပုံမဟုတ်) သိမှသာ ဘာလဲ သိနိုင်တယ်။ တားဆေးသောက်ခိုင်းခြင်းဟာ ရာသီလမှန်စေဘို့ ဆင်းတာနည်းစေဘို့ဖြစ်မယ်။
Endometrial hyperplasia သားအိမ်ထူခြင်း https://doctortintswe.blogspot.com/2014/12/endometrial-hyperplasia.html
Endometrial thickness သားအိမ်အတွင်းလွှာ အထူအပါး http://doctortintswe.blogspot.com/2014/12/endometrial-thickness.html
Uterus သားအိမ် https://doctortintswe.blogspot.com/2014/11/uterus.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment