Regular excess drinking can take years off your life အရက်သည် အသက်တိုစေ၏

ကနေ့ထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ အရက်ကို များများနဲ့ အမြဲသောက်နေသူတွေ အသက်တိုကြတယ်။

အရက်သမားပေါင်း ၆ သောင်းကိုဆန်းစစ်လေ့လာရာကနေ ဒီကောက်ချက်ကို ဆွဲတာဖြစ်ပါတယ်။ သူတို့ဟာ တပတ်မှာ အရက် ၁ဝ ခွက်ကနေ ၁၅ ခွက်သောက်ကြသူတွေဖြစ်တယ်။ တခြားလူတွေထက် အသက် ၁ နှစ်ကနေ ၂ နှစ် တိုကြတယ်။ တပတ်မှာ အရက် ၁၈ ခွက်သောက်သူတွေက ၅ နှစ်တိုကြတယ်။

ယူကေနိုင်ငံမှာ တပတ်မှာ ၁၄ ယူနစ်ထက်မပိုသင့်လို့ သတ်မှတ်ထားတယ်။ အဲတာဟာ ဝိုင် ၇ ခွက်နဲ့ ဘီယာ ၆ ပိုင့်နဲ့ ညီတယ်။ အဲလိုသတ်မှတ်ချက် နိုင်ငံအလိုက်မတူပါ။ အီတလီ၊ စပိန်နဲ့ ပေါ်တူကီတွေမှာ ပိုများတယ်။ ယူအက်စ်အေမှာ ၂ ဆလောက်ရှိတယ်။

ဒိန်းမတ်သုတေသနတခုအရ အရက်ကို တပတ်မှာ ၃ ကြိမ်ကနေ ၄ ကြိမ်သောက်သူတွေ ဆီးချို အမျိုးအစား ၂ ဖြစ်တာ နည်းတယ်လို့ တွေ့ရတယ်။ လေ့လာမှုအကြီးစား မဟုတ်ပါ။

သိပ္ပံပညာရှင်တွေက နိုင်ငံ ၁၉ ခုက အရက်သောက်သူတွေကိုလေ့လာတော့ တပတ်မှာ ၁ဝ ခွက်သောက်သူတွေမှာ အသက် ၆ လ တိုတာတွေ့ရတယ်။

အရက်သောက်ရင် တခြားလူတွေထက်ပိုပြီးဖြစ်စေနိုင်တဲ့ရောဂါတွေရှိတယ်။ နှလုံးသွေးကြောရောဂါကအဓိကဖြစ်တယ်။ သတ်မှတ်ချက်ထက် ၁၂့၅ ယူနစ်ပိုင်တိုင်း
Stroke ခေါ် ဦးနှောက်သွေးကြောမတော်မဆခြင်ခြင်း 14% ပိုတယ်။
Fatal hypertensive disease ခေါ် သေစေနိုင်တဲ့သွေးတိုးရောဂါ 24% ပိုတယ်။
Heart failure ခေါ် နှလုံးအလုပ်မနိုင်တော့ခြင်း 9% ပိုတယ်။
Fatal aortic aneurysm ခေါ် သေစေနိုင်တဲ့ အေအိုတာသွေးလွှတ်ကြောမကြီးဖေါင်းခြင်း 15% ပိုတယ်။

သင်္ကြန်ရက်မှာ အရက်ပုလင်းပုံတွေတင်တာတွေ့ရင် ကျွန်တော်ကတော့ အချိန်ရသလောက် ဟိုဒ်လုပ်တယ်။ ဆောရီး။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ အသက်ရှည်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး