Do Not Send ဆုတောင်းတာတွေ မရလိုပါပြီ

ဗီဒီယိုဖိုင်တခုလာတယ်။ တပ်မတော်ထဲဝင်ပြီး တိုင်းပြည်ကာကွယ်မှ... ဆရာဝန်လုပ်ပြီး အများပြည်သူ အသက်ကို ကယ်တင်မှ...

နေ့တိုင်လာနေတောတွေက ဗွမ့်း့ ရေပြန်လောင်းပါ ခင်တယ်ဆိုရင့့် ရေလောင်းလိုက်ပီနော့့်

မိတ်ဆွေပျက်စေတဲ့ အကြောင်းတရား များများလာတယ်။ တမျိုးပြီးတမျိုးတိုးလာတယ်။ အခုတလောကသင်္ကြန်။ သင်္ကြန်မကျသေးဘူ မျက်စိက နောက်လှပြီ။

ဤဗွီဒီယိုဖိုင်လေးကို သူငယ်ချင်းများထံပြန်လည်မျှဝေပေးလိုက်ပါ့။ အဆုံးမှာ ချစ်တဲ့တဲ့။ ကျွန်တော်နဲ့က တစက်မှ မဆိုင်။ ထပ်ခါထပ်ခါလုပ်ပြနေတဲ့ GIF ဖိုင်တွေ အကြိမ်များစွာတင်နေရတယ်။ ပြောင်စပ်စပ်တွေ။ ကျွန်တော့်ကို နောက်စရာပြောင်းစရာလို့ သဘောထားကြသူတွေက ပို့နေကြတာ။

ဒီသီချင်းလေးကို မိမိမှာရှိတဲ့ သူငယ်ချင်းအရောက် ၂၀ ကို ပို့ပေးရင့်း့။ တယောက်က ဗေဒင်စာ။ တယောက်က လိုက် ပြိုင်ပွဲဝင်နေလို့တဲ့။ ခရစ်စမတ်ဆိုတာဘာလဲတဲ့။ ပျော်စရာကောင်းတဲ့ ဒီဇင်ဘာလလေးဖြစ်ပါစေတဲ့။ ခရစ်စမတ်သီချင်းတဲ့။ သူငယ်ချင်းအားလုံးကို ဖြန့်ဝေပေးပါ မနက်ခင်းကြည်ညိုကြဖို့။ ကြံစဉ်သမျှ အောင်မြင်ခြင်းတဲ့ သတ်ပုံအမှားတွေ လိုက်ဝေနေတာဖြစ်တယ်။ ကြံစည်လို့ရေးရတယ်။

New York မြို့မှ လူယုတ်မာ နှစ်ယောက်အကြောင်း။ Friendship day is coming tommorow 🤗🤗....... I hope I'm the first one to wish you. 😇💌💐💐 အင်္ဂလိပ်စာလုံးက မှားနေတယ်။ နိုင်ငံတကာမိတ်ဆွေဖြစ်နေ့က ကုလသမဂ္ဂ အဆုံးအဖြတ်အရ ဇူလိုင် ၃ဝ ရက်။ ယူအက်စ်အေမှာ သြဂုတ်လ ၅ ရက်။ ကနေ့ ဘာနေ့လဲ။ အရင်အဲလို မဟုတ်မမှန်တွေ အတော်ကိုများတယ်။

ပျော်ရွှင်သောနှစ်သစ်မှစ ငွေရေးကြေးရေး အဆင်ပြေပြီးတဲ့။ ဘုန်းကြီးဘွဲ့နဲ့ အနက်ရောင်အခံပေါ်မှာ 2018 လို့ရေးတဲ့စာ။ ခလုပ်မထိ ဆူးမငြိတဲ့။ သတ်ပုံမှားနေတယ်။ ခလုတ်လို့ ရေးရတယ်။ ဒီသီချင်းလေးကို မိမိမှာရှိတဲ့ သူငယ်ချင်းအရောက် ၂၀ ကိုပို့ပေးရင်းတဲ့။ ယောက်သတ်ပုံကမှား။ ကြံစဉ်သမျှ အောင်မြင်ခြင်းတဲ့ ကြံစည်သတ်ပုံကမှား။ friတွေကို ပိုပေးပါအုန်း အရေးကြးလို့ပါတဲ့။ စာရိုက်တာက မမှန်။ သိတင်းကျွတ်တဲ့။ သတ်ပုံကမှား။ အမှားတွေဝေနေကြတာ၊ ရေးနေကြတာ၊ သတ်ပုံပြင်ပြီးစာအုပ်ထုတ်နေကြတာတွေကို အတော်မကြိုက်ပါ။

Sweet December တဲ့။ ဂျီဟက်ကိုရင်ဆိုင်ဖို့ ဘာတွေပြင်ဆင်ထားလဲတဲ့။ ခရစ်တော်အတွက်ပဲ ရပ်တည်မယ်တဲ့။ ဗရုတ်ကျတဲ့ တူဝရီးတွေ ဗီဒီယိုတဲ့။ ဖိနပ်မစီး ထီးမဆောင်း ငွေမပါ ခြေဗလာနဲ့ အာဇာနည် ဘုန်းကြီးတဲ့။ ဒီပုံလေးကို သင်နဲ့ရင်းနှီးသူ ၁၅ယောက်ကို ပို့လိုက်ပါတဲ့။ ထပ်ခါထပ်ခါလုပ်ပြနေတဲ့ GIF ဖိုင်တွေ။ နာရီပုံကက အလုံးအစိတ်ကျော်ရှိပြီ။ ဤဗွီဒီယိုဖိုင်လေးကို သူငယ်ချင်းများထံ ပြန်လည်မျှဝေပေးလိုက်ပါ။ အဆုံးမှာ ချစ်တဲ့တဲ့။ ရည်းစားစာလား။ ဟက်ကာဆိုပြီး ပို့ကြတာ ဗမာနာမည်၊ ဘိုအမည်၊ ယောက်ကျားအမည်၊ မိန်းမအမည်၊ ကရင်အမည်။

ဖေ့စ်ဘွတ် ဆယ်နှစ်ပတ်လည်ဆိုပြီးလည်း ပို့ချင်တဲ့နေ့ ပို့ကြတယ်။ ဖေ့စ်ဘွတ်စတင်ခဲ့တာက ၂ဝဝ၄ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကပါ။ တချို့စာထဲမှာ မင်းလို့ရေးတယ်။ ကျွန်တော့်ထက်အသက်ကြီးသူတော့  မဟုတ်နိုင်ပါ။ ကိုယ်ရေးတဲ့စာ၊ ဝေတဲအရာ၊ ပေးတဲ့ဟာတွေကိုတော့ စစ်ရဲ့လား၊ မှန်ရဲ့လား၊ အတုတွေလား၊ အလွဲတွေလား၊ ရေးလို့၊ ပေးလို့၊ ဝေလို့၊ အကျိုးများစေမှားလားတော့ သတိထားသင့်ကြပါတယ်။ ဘယ်နှစ်ယောက်ဆီပို့ပါ ခိုင်းတာမှန်သမျှကို ရိုသေကျိုးနွံ့စွာ လိုက်နာသူတွေဟာ လူညံ့တွေဖြစ်တယ်။ လူညံ့တွေများတာ စိတ်မကောင်းပါ။

အဲတာတွေပို့သူအားလုံးကို ဒုက္ခပေးသူများစာရင်းထဲ ထည့်လိုက်တယ်။ ကျွန်တော့်မှာ သူတို့ခိုင်းတာမဝေမိလို့ သေရတာ အခါ ၂ဝ ကျော်ပြီ။ ဟက်ကာမှန်ရင် ပျက်သွားတဲ့ ကွန်ပြူတာ အလုံး ၂ဝ။ ဖုန်းအလုံး ၂ဝ ကျော်ပြီ။

သင်္ကြန်ရက်တွေမှာ ဆရာဝန်ကို ဥပုသ်သည်လို၊ ကိုယ်ဝန်ဆောင်လိုသာ သဘောထားပေးကြပါခင်ဗျား။ မေးခွန်းမှတ်လို့ ဖတ်နေရတော့ နေမကောင်းသူတွေမေးတာဖြေစရာ အချိန်နည်းစေလို့ ဖြစ်တယ်။

ခိုင်မာတဲ့ ပြည်တွင်းသတင်းတွေ နိုင်ငံတကာသတင်းတွေကို ဘယ်မှာဖတ်ရသလဲ ကျွန်တော် ကောင်းကောင်းသိပါတယ်။ လူညံ့တွေများတာ စိတ်မကောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး