Swaziland ဆွာဇီလန် အမည်ပြောင်းခြင်း

ဆွာဇီလန်လို့ခေါ်တဲ့ အာဖရိတိုက်မှာရှိတဲ့ နိုင်ငံကို Kingdom of eSwatini ဆွာတီနီဘုရင့်နိုင်ငံလို့ အမည်ပြောင်းလိုက်ပါပြီ။

ဆွာဇီလန်ကို သက်ဦးဆံပိုင်ဘုရင်က အုပ်စိုးပါတယ်။ လက်ရှိဘုရင်ကို Mswati III တတိယမြောက် ဆွာတီလို့ ခေါ်တယ်။ ဒီအမိန့်တော်ကို နိုင်ငံရဲ့ လွတ်လပ်ရေး နှစ် ၅ဝ ပြည့်ပွဲသဘင်မှာကြေညာလိုက်တာပါ။ သူ့မွေးနေ့ ရွှေရတုလည်း ဖြစ်တယ်။

ရှေးမြန်မာဘုရင်တွေလိုပဲ ဆွာဇီလန်ဘုရင်မှာ မိဖုရား (၁၅) ယောက်ရှိတယ် သူ့ခမည်းတ်ေမှာ (၁၂၅) ယောက် ရှိခဲ့တယ်။ မြန်မာပြည်နဲ့တူတာက အသစ်ပြောင်းလိုက်တဲ့တိုင်းပြည်နာမည်က အခေါ်ရခက်လို့ တိုင်းတပါးမှာ ဆွာဇီလန်လို့သာ အသုံးများတယ်။ နာမည်ပြောင်းတာကို ဒေါသထွက်ကြသူတွေလည်းရှိတယ်။

ဆွာဇီလန်နိုင်ငံမှာ လူ့အခွင့်အရေးနည်းပါးတယ်။ အမျိုးသမီးတွေ နှိမ်ထားခံရတယ်။ စီးပွါးရေးလည်းချို့တဲ့တယ်။ HIV/Aids ဖြစ်ပွါးနှုန်း ကမ္ဘာမှာအမြင့်ဆုံးဖြစ်တယ်။

Polygamy and Health (2) မယား များများယူရင် (၂) http://doctortintswe.blogspot.com/2017/05/polygamy-and-health-2.html
Polygamy and Health (1) မယား များများယူရင် (၁) http://doctortintswe.blogspot.com/2017/05/polygamy-and-health-1.html

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး